China
သမ္မတရှီ မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ကာ မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်မည်

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်၏ ဖိတ်ကြားချက်အရ မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကာ မော်စကိုမြို့တွင် ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၄ ရက်၌ ပြောကြားခဲ့သည်။
ပြင်ပပတ်ဝန်းကျင်၌ ရှုပ်ထွေးမှုများရှိနေသည့်တိုင် သမ္မတရှီနှင့် သမ္မတပူတင်တို့အနေဖြင့် သမိုင်းတွင်မည့် အမြော်အမြင်၊ မဟာဗျူဟာအရ အလေးထားမှုတို့ဖြင့် ခေတ်သစ်ကာလ တရုတ်-ရုရှား ဆက်ဆံရေးကို အစဉ်သဖြင့် ဆက်လက်ဖော်ဆောင်ရေး၊ ထာဝရတည်တံ့သော အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဖက်စလုံးအတွက် အကျိုးရှိမှု စသော နှစ်နိုင်ငံဆက်ဆံရေးအား အဓိပွာယ်ဖွင့်ဆိုပေးသော ဝိသေသလက္ခဏာများ ထင်ရှားပေါ်လွင်စေရေးအတွက် လမ်းညွှန်မှုပေးခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
မကြာမီ သွားရောက်မည့် နိုင်ငံတော်ခရီးစဉ်အတွင်း သမ္မတရှီအနေဖြင့် အခြေအနေသစ်များအောက်မှ တရုတ်-ရုရှားဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီးကိစ္စရပ် အများအပြားနှင့် စပ်လျဉ်း၍ သမ္မတ ပူတင်နှင့် မဟာဗျူဟာမြောက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောဆိုခဲ့သည်။
“သမ္မတနှစ်ဦးအကြား အရေးပါတဲ့ ဘုံသဘောတူညီမှုတွေဟာ နှစ်နိုင်ငံကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရေး၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု အနှစ်သာရ ပိုမိုလေးနက်ခိုင်မာစေရေး၊ နယ်ပယ်အသီးသီးမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးကို ပိုမိုသယ်ပိုးနိုင်ရေး၊ နိုင်ငံတကာအသိုက်အဝန်းအတွက် တည်ငြိမ်မှု၊ အပြုသဘောဆောင်တဲ့ စွမ်းအားတွေကို ပိုမိုပံ့ပိုးနိုင်ရေးအတွက် တစ်ဆင့်တိုး လုပ်ဆောင်နိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3k2
……………………………
(English Version)
Xi to pay state visit to Russia, attend Great Patriotic War Victory celebrations on May 7-10
BEIJING, May 4 (Xinhua) — Chinese President Xi Jinping will pay a state visit to Russia from May 7 to 10 and attend the celebrations marking the 80th anniversary of the Victory in the Great Patriotic War in Moscow, at the invitation of President Vladimir Putin of the Russian Federation, a foreign ministry spokesperson said on Sunday.
With a historic vision and from a strategic height, President Xi and President Putin have guided China-Russia relations in the new era to always forge ahead despite a complex external environment and demonstrate the relations’ defining features of everlasting good-neighborliness and friendship, comprehensive strategic coordination and mutual benefit, cooperation and win-win, the spokesperson said.
The spokesperson introduced that during the upcoming state visit, President Xi will have strategic communication with President Putin on China-Russia relations under new circumstances and on a series of major international and regional issues.
“We believe the important common understandings between the two presidents will further deepen political mutual trust between the two countries, add new substance to strategic coordination, promote practical cooperation in various fields, bring more benefits to the two peoples, and contribute more stability and positive energy to the international community,” the spokesperson said. xhtxs.cn/3k2