Connect with us

North America

စူပါမန်းရုပ်ရှင်က မြောက်အမေရိက၏ ရုပ်ရှင်လက်မှတ်ရောင်းအားဇယားတွင် သီတင်းပတ် ၂ ပတ် ဆက်တိုက် ဦးဆောင်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
Warner Bros. နှင့် DC Studios ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတို့၏ စူပါမန်း (Superman) ရုပ်ရှင်သည် ဒုတိယမြောက် သီတင်းပတ်အကုန်တွင် ခန့်မှန်းခြေ ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇.၂၅ သန်း ရရှိခဲ့ပြီး မြောက်အမေရိက ရုပ်ရှင်လက်မှတ်ရောင်းအားဇယားတွင် အလွယ်တကူ ဆက်လက်ဦးဆောင်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ မီဒီယာတိုင်းတာရေးနှင့် ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Comscore ၏ ဇူလိုင် ၂၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အသစ်ပြန်လည်ဖန်တီးထားသည့် ယင်းစူပါဟီးရိုးရုပ်ရှင်သည် ဇူလိုင် ၂၀ ရက်အထိ မြောက်အမေရိကတွင် ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေ ဒေါ်လာ ၂၃၅ သန်း ရရှိထားပြီး ကမ္ဘာတစ်ဝန်း စုစုပေါင်းဝင်ငွေ ဒေါ်လာ ၄၀၆.၈ သန်း ရှိပြီဖြစ်သည်။
နာမည်ကျော် DC Comics ဇာတ်ကောင်ကို အခြေခံထားသော အဆိုပါရုပ်ရှင်ကို James Gunn က ရိုက်ကူးထားပြီး David Corenswet က စူပါမန်း/ကလာ့ခ်ကန့် အဖြစ် ဇာတ်ရုပ် နှစ်မျိုးဖြင့် သရုပ်ဆောင်ထားသည်။
Universal နှင့် Amblin ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတို့၏ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သော “Jurassic World Rebirth” မှာ တတိယမြောက် သီတင်းပတ်အကုန်တွင် ဝင်ငွေ ဒေါ်လာ ၂၃.၄ သန်း ရရှိကာ ရုပ်ရှင်လက်မှတ်ရောင်းအားဇယား၏ ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ယင်းဒိုင်နိုဆောရုပ်ရှင်သည် မြောက်အမေရိကတွင် ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေ ဒေါ်လာ ၂၇၆.၂ သန်း နှင့် ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ၆၄၇.၉၅ သန်း ရရှိထားသည်။
အသစ်ထွက်ရှိထားသော Sony ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ၏ သွေးထွက်သံယိုရုပ်ရှင်ဖြစ်သည့် “I Know What You Did Last Summer” မှာ ယခုသီတင်းပတ်အကုန်တွင် ဝင်ငွေ ဒေါ်လာ ၁၃ သန်း ဖြင့် ရုပ်ရှင်လက်မှတ်ရောင်းအားဇယား၏ တတိယနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။ (Xinhua)
————
English Caption
Superman leads N. American box office for 2nd consecutive weekend
LOS ANGELES, July 20 (Xinhua) — Warner Bros. and DC Studios’ Superman easily stayed atop the North American box office chart with an estimated 57.25 million U.S. dollars on its second weekend, according to Sunday figures from Comscore.
The newly rebooted superhero film has grossed 235 million dollars in North America for a global cume of 406.8 million dollars through Sunday.
Directed by James Gunn, the film, based on the iconic DC Comics character, stars David Corenswet in the dual role of Superman/Clark Kent.
Universal and Amblin’s sci-fi blockbuster Jurassic World Rebirth held strong in second place, earning 23.4 million dollars in its third weekend. The dinosaur film has amassed 276.2 million dollars in North America and 647.95 million dollars globally.
A newcomer, Sony’s slasher film I Know What You Did Last Summer, landed in third place with 13 million dollars this weekend.

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.