Connect with us

China

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ပထမနှစ်ဝက်အတွင်း စွမ်းအင်သစ်တပ်ဆင်ထုတ်လုပ်မှု စံချိန်တင်

ဝူးလူမုချီ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အသစ်တပ်ဆင်ထားသော စွမ်းအင်သစ်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ယခုနှစ် ပထမနှစ်ဝက်အတွင်း ကီလိုဝပ် ၇.၀၂ သန်း ရှိခဲ့ရာ စံချိန်တင်မြင့်မားခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၅ ဆ တိုးတက်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် လေအား တပ်ဆင်စွမ်းအင်မှာ ကီလိုဝပ် ၃.၆၄ သန်းအထိ ရောက်ရှိလာခဲ့ပြီး နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှုမှာမူ ကီလိုဝပ် ၃.၃၈ သန်းရှိခဲ့ကြောင်း State Grid Xinjiang Electric Power ကုမ္ပဏီလီမိတက်က ပြောခဲ့သည်။

ဇွန်လကုန်ပိုင်းက ရှင်းကျန်းဒေသရှိ စွမ်းအင်သစ်တပ်ဆင်စွမ်းအင် စုစုပေါင်းမှာ ကီလိုဝပ် ၄၈.၉၆ သန်းအထိ ရောက်ရှိလာခဲ့ပြီး ယင်းဒေသရှိ စုစုပေါင်းတပ်ဆင်စွမ်းအင်၏ ၄၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ကျောက်မီးသွေးအပေါ် အမှီပြုမှုမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးအတွက် ကြီးမားသော တိုးတက်မှုရရှိခဲ့ပြီး “ကာဗွန်လျော့နည်းရေးနှင့် ကင်းစင်ရေး ရည်မှန်းချက်နှစ်ရပ်” ရောက်ရှိရန်နှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးအတွက် အကျိုးပြုလျက်ရှိသည်။

လေအားနှင့် နေရောင်ခြည်စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသော ရှင်းကျန်းဒေသသည် စွမ်းအင်သစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံတစ်ဝန်းရှိ ဦးဆောင်ပြည်နယ်များ၌ တစ်ခုအပါအဝင် ဖြစ်သည်။ (Xinhua)

……………………………..
(English Version)

Xinjiang adds record installed new energy capacity in H1

URUMQI, July 4 (Xinhua) — The newly installed new energy capacity in northwest China’s Xinjiang Uygur Autonomous Region hit 7.02 million kilowatts in the first half of this year, marking a record high and a 10.5-fold increase compared to the same period in 2022.

Specifically, the installed capacity of wind power reached 3.64 million kilowatts, while that of photovoltaic power stood at 3.38 million kilowatts, said the State Grid Xinjiang Electric Power Co., Ltd.
By the end of June, the total installed capacity of new energy in Xinjiang had reached 48.96 million kilowatts, or over 40 percent of its total installed capacity.

China has been making huge strides in shifting from its dependence on coal to renewables for power generation, a boon to achieving the country’s “dual carbon” goals and tackling global climate change.
Rich in wind and solar power resources, Xinjiang is one of the leading regions across the country in terms of new energy development.

Photo: Aerial photo taken on Aug. 22, 2021 shows a photothermal power station in Nom Township of Hami, northwest China’s Xinjiang Uygur Autonomous Region. (Xinhua/Gao Han)