Media
တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီက ဘာလင်အိုးပင်းတွင် ကိုကိုဂတ်ဖ်ကို အနိုင်ရရှိ
ဇွန် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘာလင်အိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်၌ တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီက ပူပူနွေးနွေး ပြင်သစ်အိုးပင်းချန်ပီယံ ကိုကိုဂတ်ဖ်အား ၆-၃၊ ၆-၃ ဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိကာ နိုင်ပွဲဆက်လျက်ရှိသည်။
အသက် ၂၃ နှစ်အရွယ် ဝမ်မှာ လက်ရည်စစ်ပွဲနှစ်ပွဲတွင် အနိုင်ရပြီးနောက် WTA 500 ပြိုင်ပွဲအမျိုးအစားဖြစ်သော ဘာလင်အိုးပင်း အဓိကပွဲစဉ်များဆီသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်ကာ ပထမအဆင့်၌ ကမ္ဘာ့အဆင့်-၁၆ ဩစတြေးလျတင်းနစ်မယ် ဒါရီယာ ကာဆက်ကီနာကို နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။
ပြင်သစ်အိုးပင်း၌ အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့အဆင့်-၂ အမေရိကန်တင်းနစ်မယ် ဂတ်ဖ်နှင့် ရင်ဆိုင်ရာတွင် ဝမ်က မြက်ခင်းကွင်း၌ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စွမ်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ကွာတားဖိုင်နယ်တွင် စပိန်တင်းနစ်မယ် ပေါ်လာ ဘာဒိုဆာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
…………………..
(English Version)
China’s Wang Xinyu upsets Gauff at Berlin Open
China’s Wang Xinyu continued her winning run by upsetting newly crowned French Open champion Coco Gauff 6-3, 6-3 in the women’s singles second round at the Berlin Open on Thursday.
The 23-year-old reached the main draw of the WTA 500 event after winning two qualifying matches, then defeated world No. 16 Daria Kasatkina of Australia in straight sets in the first round.
Facing American world No. 2 Gauff who’s in her first match since her French Open triumph, Wang capitalized on her grass-court rhythm to set up a quarterfinal clash with Spain’s Paula Badosa.