နန်ကျင်း ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) အောက်မေ့ဖွယ်စကားလုံးများရေးသားထားသော အနက်ရောင်ပိတ်သားပြင်ရှေ့တွင် တရုတ်နိုင်ငံ၏ အလံတော်ကို တိုင်တစ်ဝက်လွှင့်ထူကာ နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများအတွက် ၈ ကြိမ်မြောက် နိုင်ငံတော် အောက်မေ့ဖွယ် ဂါရဝပြုအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆောင်းရာသီ၏ အအေးဒဏ်ကို အံတုကာ ထောင်ပေါင်းများစွာသော ပြည်သူများသည်...
ကဘူးလ် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ် နှင့် အာဖဂန် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၂ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ တရားရေးဝန်ကြီးဌာန၌ ဝတ်ပြုရန် ဗလီတစ်လုံး နှင့် တရားခွင်ခန်းမ နှစ်ခု တည်ဆောက်ရန် စတင်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါစီမံကိန်းများအား တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ခဲ့ခြင်း...
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ကပ်ရောဂါ ဖြစ်ပွားမှုများကြားက တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် ဖနွမ်းပင်- သီဟာနုဗီလာ အမြန်လမ်းပေါ်တွင် တည်ဆောက်ရေးလုပ်ငန်း ၇၁ ရာခိုင်နှုန်းနီးပါး ပြီးစီးသွားပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့လုပ်ငန်းဆောင်တာများ နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန(MPWT)က ဒီဇင်ဘာ ၁၂ ရက် သတင်းထုတ်ပြန်ချက်တွင်...
ဂျိုဟန်နက်စ်ဘတ် ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa သည် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရောဂါလက္ခဏာမပြင်းထန်သော COVID-19 ရောဂါအတွက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သမ္မတရုံးက ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားပြီးသော သမ္မတ Ramaphosa...
ကွီတို ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံတောင်ပိုင်း မိုရိုနာဆန်တီယာဂိုပြည်နယ် အမေဇိုးနီးယန်းခရိုင် Sucua နယ်မြေ၌ ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုတစ်ခုအတွင်း လူ ၁၈ ဦးထက်မနည်း သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဌာနပေါင်းစုံပါဝင်သည့် လုံခြုံရေးဝန်ဆောင်မှု ECU 911 က ဒီဇင်ဘာ ၁၂...
ပေကျင်း ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရားသည် ပြည်ပမှ ဝင်ရောက်ကူးစက်မှုများအား ပိုမိုကာကွယ်ရန် ရည်ရွယ်၍ ဆိပ်ကမ်းမြို့များအတွက် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်သည့် ညွှန်ကြားချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဆိုပါက နျူကလီးယားဆွေးနွေးမှုများသည် “ ကောင်းမွန်သောသဘောတူညီမှု ”တစ်ခု ရရှိနိုင်လိမ့်မည်ဟု အီရန်က မျှော်လင့်ထားကြောင်း အီရန်နိုင်ငံသမ္မတ အီဘရာဟင်ရိုင်စီ က စနေနေ့တွင်ပြောကြားခဲ့သည်။
ချီကာဂို ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အာကင်ဆော ၊ မစ္စစ္စပီ ၊ အီလီနွိုက် ၊ ကန်တက်ကီ ၊ တင်နက်ဆီ ၊ မစ်ဆူရီ ပြည်နယ်များအပါအဝင် နိုင်ငံအလယ်ပိုင်းဒေသရှိ ပြည်နယ် ၆ ခုကို လေဆင်နှာမောင်း ၃၀ ထက်မနည်း တစ်ညထဲဝင်ရောက်...
ဖနွမ်ပင် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ၂၀၂၂ ခုနှစ်အတွက် အာဆီယံအသင်း(ASEAN) ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သွားရမည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဒေသတွင်း နှင့် ဒေသပြင်ပတွင် ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးကို ထိန်းသိမ်းရန် စည်းလုံးညီညွတ်သောမိသားစုတစ်ခုအဖြစ် အာဆီယံအဖွဲ့အစည်းစိတ်ဓာတ်ကိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အစိုးရက ဗီယက်နမ်နှင့် နိုင်ငံတကာခရီးသွားနေရာများအကြား ပုံမှန်စီးပွားရေးလုပ်ငန်းသုံး လေကြောင်းပျံသန်းမှုများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။