Connect with us

Media

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်ပါဝင်သော ဂြိုဟ်တုအသစ် လွှတ်တင်

ရှီးချန်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံ ဂြိုဟ်တုအသစ်တစ်စင်းကို အောက်တိုဘာ ၂၄ ရက်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ Yaogan-39 ဂြိုဟ်တုကို ပေကျင်းစံတော်ချိန် နံနက် ၄:၀၃ နာရီက Long March-2D သယ်ဆောင်ရေးဒုံးပျံက သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၄၉၂ ကြိမ်မြောက်မစ်ရှင်လည်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
China launches new remote sensing satellite
China on Tuesday successfully launched a new remote sensing satellite into space from the Xichang Satellite Launch Center in southwest China’s Sichuan Province.
A Long March-2D carrier rocket carrying the satellite Yaogan-39 lifted off at 4:03 a.m. (Beijing Time).
The launch was the 492nd mission undertaken by the Long March rocket series.