Connect with us

Media

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂၀ ဦးအနက် ၁၈ ဦး၌ HIV ရောဂါပိုးတွေ့ရှိ

ဟနွိုင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဟိုချီမင်းမြို့တွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂၀ ဦးအနက် ၁၈ ဦး၌ HIV ရောဂါပိုးတွေ့ရှိခဲ့ကြောင်း Vietnam News Agency က ကျန်းမာရေးဦးစီးဌာနအား ကိုးကား၍ အောက်တိုဘာ ၂၃ ရက်က သတင်းဖော်ပြခဲ့သည်။ အဆိုပါ ရောဂါဖြစ်ပွားသူ ၂၀ ဦးစလုံးသည် ဟိုချီမင်းမြို့ရှိ အပူပိုင်းဒေသရောဂါများကုသမှုဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။ ၎င်းတို့အနက် ၂ ဦးမှာ အခြားရောဂါကူးစက်မှုများကြောင့် စိုးရိမ်နေရဆဲဖြစ်ကြောင်း၊ အခြားလူနာများမှာမူ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း Vietnam Television (VTV) က သတင်းဖော်ပြခဲ့သည်။
ယင်းမြို့၏ ကျန်းမာရေးကဏ္ဍတွင် လက်ရှိတွေ့ရှိထားသော မျောက်ကျောက်ရောဂါဖြစ်ပွားမှုမှာ နိုင်ငံခြားနှင့် ဆက်စပ်နေသည်ကို မတွေ့ရှိရကြောင်း VTV အရ သိရသည်။

ဒေသခံကျန်းမာရေးအာဏာပိုင်များကလည်း ရပ်ရွာအတွင်းရောဂါကူးစက်မှု ရှာဖွေရေး ဆောင်ရွက်ချက်များ အရှိန်မြှင့်တင်ခြင်း၊ ဆေးရုံများရှိရောဂါကူးစက်လွယ်သော အုပ်စုများကို အလေးထားဆောင်ရွက်ခြင်းနှင့် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြင်ပမှ ဗိုင်းရပ်စ် ဝင်ရောက်မှုမှ ကာကွယ်ခြင်း စသည်တို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………….

(English Version)
18 out of 20 monkeypox cases in Vietnam’s Ho Chi Minh City test positive for HIV
HANOI, Oct. 24 (Xinhua) — Eighteen out of 20 monkeypox cases in Ho Chi Minh City in southern Vietnam tested positive for HIV, Vietnam News Agency reported Monday, citing the local Department of Health.
All 20 cases are being treated at the city’s National Hospital of Tropical Diseases. Two cases are progressing seriously with multiple infections.
Other patients have positive health progress, Vietnam Television (VTV) reported.
According to the VTV, the city’s healthcare sector has not detected foreign-related factors linked to current monkeypox cases.
Local healthcare authorities are stepping up measures to detect community infection, focusing on easily-infected groups at hospitals and preventing the virus entering from outside through border gates.