ဝါရှင်တန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက အမေရိကန်သံတမန်အတွက် ဗီဇာများတိုး၍ ထုတ်မပေးပါက ရုရှားသံတမန်များအား နှင်ထုတ်ရန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား ဒီမိုကရက်တစ် နှင့် ရီပတ်ဘလီကန် လွှတ်တော်အမတ်များက တောင်းဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလ်လီဗန် (Jake Sullivan) နှင့် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်သည် ယခင်လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းဖြစ်သော USS Kitty Hawk နှင့် USS John F. Kennedy တို့ကို တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁ ပြား (1 cent) စီဖြင့် တက္ကဆက်စ်မြို့ရှိ သင်္ဘောဖျက်ကုမ္ပဏီတစ်ခုထံသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း...
အစ္စလမ်မာဘတ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘယ်လူချီစတန်ပြည်နယ် ဂွါဒါဒေသတွင် ပြီးခဲ့သည့်သောကြာနေ့က တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုဖြင့်တည်ဆောက်သည့် သက်မွေးပညာသင်ကျောင်း တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကျင်းပခဲ့သည်။ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC)အောက်တွင် ပြည်သူများပိုမိုကောင်းမွန်စွာနေထိုင်ရေး၏အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်သော ဂွါဒါစက်မှုလက်မှုနှင့်သက်မွေးမှုပညာသင်တန်းကျောင်းကို တရုတ်နိုင်ငံ China Harbor Engineering Company မှတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဂွါဒါဒေသခံများ၏...
ချိန်တူး၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဒေသများတွင်တည်ဆောက်ထားသော ရေအားလျှပ်စစ်စီမံကိန်းများအနက် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၀၀၀ ခန့်တွင်တည်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်း ကို စက်တင်ဘာ ၂၉ ရက်က စတင်လည်ပတ်အသုံးပြုခဲ့သည်။ စီချွမ်းပြည်နယ်ရှိ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကန်းကျီး ဒေသရှိ ယာလွန်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် လျန်ဟဲခိုးရေအားလျှပ်စစ်စီမံကိန်း၏...
ကဘူးလ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် အစွန်းရောက် အိုင်အက်စ် (IS) အုပ်စုနှင့်မိတ်ဖက်ဖွဲ့ထားသော စစ်သွေးကြွ ၁၁ ဦး ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Qari Sayed Khosti က အောက်တိုဘာ ၅ ရက်တွင်...
လော့အိန်ဂျလိစ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က Huntington ကမ်းခြေ၌ ကြီးမားသောရေနံယိုဖိတ်မှုအား အရေးပေါ်တုံ့ပြန်မှု ပံ့ပိုးရန် ကယ်လီဖိုးနီယားတောင်ပိုင်း Orange ကောင်တီ၌ အောက်တိုဘာ ၄ ရက်ညတွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။ “ ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် ပြည်နယ်အနေနဲ့ရနိုင်သမျှ...
ဘရပ်ဆဲလ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) ၏ ဆေးဝါးများအေဂျင်စီက Pfizer/BioNTech COVID-19 ကာကွယ်ဆေးများ၏ အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်းကို အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအားလုံးအတွက် အောက်တိုဘာ ၄ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ Pfizer/BioNTech ကာကွယ်ဆေးသည် အသက် ၁၈ နှစ်မှ...
ချုံချင့်၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချုင့်မြို့တွင် ယင်းနှစ်၏ ဇန်နဝါရီမှ စက်တင်ဘာထိ (တတိယသုံးလပတ်)အတွင်း ရထားလမ်းနှင့်ပင်လယ်ရေကြောင်းလမ်း ဆက်နွယ်သယ်ယူပို့ဆောင်မှု ခရီးစဉ်ပေါင်း ၁,၄၉၃ ခု ရှိခဲ့ရာ ၎င်းမှာပြီးခဲ့သည့်နှစ်ကာလတူထက် ၇၇ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံး၏ ခရီးစဉ်ပေါင်း ၁,၂၉၇ ခုကို...
ဂျေရုဆလင်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) လူ့ခန္ဓာကိုယ်ရှိ ကိုယ်ခံအားစနစ်ဆဲလ်များသည် ကင်ဆာကျိတ်များ ပျံ့နှံ့ခြင်းနှင့် ပိုမိုပြင်းထန်ခြင်း ဖြစ်ပွားစေနိုင်သည်ကို အစ္စရေးသုတေသနပညာရှင်များက တွေ့ရှိခဲ့ကြောင်း အစ္စရေးအလယ်ပိုင်းရှိ Tel Aviv University (TAU) က အောက်တိုဘာ ၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ယင်းတွေ့ရှိချက်အရ ကင်ဆာရောဂါတိုက်ဖျက်ရေးအတွက် အထူးသဖြင့် ဆိုးဝါးသော...