ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ ဖိန်ကြားချက်အရ စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်မည့် ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က စက်တင်ဘာ...
ကဘူးလ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တာလီဘန် ထိပ်တန်းခေါင်းဆောင် Hibatullah Akhundzada က စက်တင်ဘာ ၇ ရက်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တာလီဘန် အိမ်စောင့်အစိုးရသည် မကြာမီစတင်လည်ပတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စတန်ဘူလ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးသော လူများအား COVID-19 ကာကွယ်ဆေး သက်သေခံကတ်ပြားအတု ထုတ်ပေးမှုစွပ်စွဲချက်ဖြင့် စက်တင်ဘာ ၇ ရက်က သူနာပြုသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံတွင်ကျင်းပမည့် SCO အဖွဲ့ဝင်နိုင်ငံများ၏ “Peace Mission 2021″တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့များပါဝင်သွားမည်ဖြစ်သည်။ အဆိုပါ မစ်ရှင်တွင်ပါဝင်မည့် စစ်တပ်သုံး ယာဉ်များယန္တရားများအား ရထားဖြင့်သယ်ယူပို့ဆောင်ရာတွင်လိုက်ပါခဲ့ကြသည့် တရုတ်တပ်မတော်သားများသည် တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်ကျိုးလီဘူတာမှ ရထားဖြင့် စတင်ထွက်ခွါခဲ့ကြပြီဖြစ်သည်။ ၃ရက်ကြာ ရထားခရီးစဉ်တလျှောက်...
ကျန်းကျိုး၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ပြီးခဲ့သည့် တနင်္လာနေ့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ရေးလေ့ကျင့်ခန်း အဖြစ် “ကံကြမ္မာအကျိုးတူဖော်ဆောင်ခြင်း-၂၀၂၁” ဟု အမည်ရသော စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုသည် အမျိုးသားအဆင့်ကဏ္ဍစုံ လက်တွေ့လုပ်ဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာပူးတွဲလေ့ကျင့်မှုဖြစ်ပြီး တရုတ်နိုင်ငံတပ်မတော်မှ ဦးဆောင်လေ့ကျင့်မှု အနေဖြင့် ပထမဆုံးအကြိမ်ဖြစ်သည်။...
ကူမင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင်တည်ဆောက်နေသည့် ပိုင်ဟဲထန်ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြီး၌ ပြီးခဲ့သည့် ကြာသပတေးနေ့က ရေစမ်းသပ်ထုတ်လွှတ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းစမ်းသပ်မှုတွင် လုပ်ငန်းစဉ်တစ်ခုလုံးချောမွေ့မှုရှိကြောင်း တာဝန်ရှိသူများကဆိုသည်။ ပိုင်ဟဲထန်းရေအားလျှပ်စစ်စီမံကိန်းအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယန်စီမြစ်အပေါ်ပိုင်းရှိ ကျင်းရှ မြစ်ပေါ်တွင်တည်ဆောက်ထားသည်။ စီမံကိန်းအား ၂၀၁၇ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ...
နယူးဒေလီ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) စက်တင်ဘာ ၉ ရက်တွင် အွန်လိုင်းပုံစံဖြင့်ကျင်းပမည့် ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (Narendra Modi) က သဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံအစိုးရက စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့...
နန်နင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) နဝမအကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်အား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စက်တင်ဘာ ၆ ရက်တွင်...
ဘိုဂူရာ၊ ဘင်္ဂလားဒေ့ရှ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘိုဂူရာခရိုင်တစ်ဝန်းရှိ မြေမျက်နှာပြင်တစ်ခုလုံး ရေလွှမ်းမိုးခြင်းခံရပြီး နေအိမ်များနှင့် ကောက်ပဲသီးနှံစိုက်ခင်းများ ရေဖုံးလွှမ်းခဲ့ကြောင်း နှင့် ဒေသခံများလည်း ဖောင်များ၊ လှေများဖြင့် ရေလွှမ်းမိုးသည့်နေရာများတွင် ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။ (Xinhua) ……………………………… (English Version) Asia Album:...
ဆိုးလ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက ပြည်တွင်းထုတ် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) အား အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ စစ်တပ်အရင်းအမြစ်အား ကိုးကား၍ Yonhap သတင်းအေဂျင်စီက စက်တင်ဘာ ၇ ရက်၌ သတင်းဖော်ပြခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် တန်...