Connect with us

Media

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်၌ အပေါ့စားလေယာဉ်ပျက်ကျမှုအတွင်း လူ ၁၀ ဦး သေဆုံး

ကွာလာလမ်ပူ ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်၌ ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် အပေါ့စားလေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook က ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်၌ သေဆုံးသူ နှစ်ဦးနှင့်အတူ လေယာဉ်ခရီးသည် ၆ ဦး ၊ အမှုထမ်း ၂ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Langkawi နိုင်ငံတကာလေဆိပ်မှ မွန်းလွဲ ၂ နာရီ ၈ မိနစ်၌ Sultan Abdul Aziz Shah လေဆိပ်သို့ ဦးတည် ထွက်ခွာသွားခဲ့သည့် လေယာဉ်သည် မွန်းလွဲ ၂ နာရီ ၄၈ မိနစ်တွင် ဆင်းသက်ရန် ခွင့်ပြုချက် ရရှိခဲ့ကြောင်း မလေးရှားလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဌာနက အစောပိုင်းထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

မွန်းလွဲ ၂ နာရီ ၅၁ မိနစ်တွင် Subang လေကြောင်းထိန်းချုပ်ရေးမျှော်စင်က ပျက်ကျသည့်နေရာမှ ပေါ်ပေါက်လာသည့် မီးခိုးများအား တွေ့ရှိသတိပြုမိခဲ့သော်လည်း လေယာဉ်မှှ အရေးပေါ်ဆက်သွယ် အကြောင်းကြားမှု မရရှိခဲ့ကြောင်း ၊ ကွာလာလမ်ပူ လေကြောင်းကယ်ဆယ်ရေးညှိနှိုင်းမှုစင်တာက ရှာဖွေကယ်ဆယ်ရေးမစ်ရှင် ချိတ်ဆက်မိစေရန် ဆောင်ရွက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

………………………….
(English Version)
10 killed in light aircraft crash in Malaysia’s Selangor state: official
Ten people were killed following the crash of a light aircraft in Malaysia’s Selangor state on Thursday afternoon, Malaysian Transport Minister Anthony Loke Siew Fook said.
Speaking at a press conference following the incident, Loke said there were no survivors among the aircraft’s six passengers and two crew, with another two being killed on the ground where the aircraft crashed.
The aircraft which departed from Langkawi International Airport at 2:08 p.m. was headed to Sultan Abdul Aziz Shah Airport and had been cleared to land at 2:48 p.m., the Civil Aviation Authority of Malaysia said in an earlier statement.
“At 2:51 p.m., the Subang Air Traffic Control Tower observed smoke originating from the crash site, but no mayday call was made by the aircraft. Kuala Lumpur Aeronautical Rescue Coordination Centre has been activated to coordinate the search and rescue mission,” it said.
Xinhua News Agency correspondents reporting from Kuala Lumpur.(XHTV)