Connect with us

Media

တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အရေးပါသောမောင်းနှင်အားအဖြစ် ဆက်လက်ရှိနေ

ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခိုင်မာသောလမ်းကြောင်းပေါ်၌ ပြန်လည်ရောက်ရှိကာ ဆက်လက်အားကောင်းလျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အရေးပါသောမောင်းနှင်အားအဖြစ် ဆက်လက်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးက နှေးကွေးနေပြီး ကမ္ဘာ့စီးပွားရေးကို အန္တရာယ်ဖြစ်နိုင်ကြောင်း အနောက်နိုင်ငံမှ နိုင်ငံရေးသမားအချို့နှင့် မီဒီယာအချို့၏ စိုးရိမ်မှုများအပေါ် ဝမ်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ယမန်နှစ် အလားတူကာလထက် ၅.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ တိုးတက်မှုအနေဖြင့် ၃ ရာခိုင်နှုန်းပိုမိုမြန်ဆန်ကြောင်း၊ COVID-19 ရောဂါဖြစ်ပွားချိန် သုံးနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ပျမ်းမျှ ၄.၅ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားကြောင်း ဝမ်က ဆိုသည်။

ယခင်လက ထုတ်ပြန်ခဲ့သော အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ (IMF) ကမ္ဘာ့စီးပွားရေးခန့်မှန်းချက်အရ ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၅.၂ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ကြောင်းနှင့် ကမ္ဘာ့စီးပွားရေး၏ သုံးပုံတစ်ပုံရှိနိုင်ကြောင်း ခန့်မှန်းထားသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း လျှပ်စစ်ကားများ၊ လစ်သီယံဘက်ထရီများနှင့် ဆိုလာပြားများ ပေါင်းစပ်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလထက် ၆၁.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး၏ အားကောင်းသော ကြံ့ကြံ့ခံမှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း ဝမ်က ဆိုသည်။ (Xinhua)

……………………………
(English Version)
China remains important engine for world economic growth: FM spokesperson

BEIJING, Aug. 16 (Xinhua) — China’s economy continues to recover with rebound generally on a sound track, foreign ministry spokesperson Wang Wenbin said on Wednesday, noting that China remains an important engine for world economic growth.↳
Wang made the remarks at a regular press briefing in response to a few Western politicians and media’s worries on China’s economic slowdown, which they claimed may pose risks to global economic growth.↳
For the first half of this year, China’s GDP grew by 5.5 percent year-on-year, visibly faster than the three-percent growth rate last year, higher than the average annual growth rate of 4.5 percent over the three years under COVID-19, according to Wang.↳
According to the IMF World Economic Outlook updated last month, China’s economy is expected to grow by 5.2 percent and account for one third of global growth this year, the spokesperson said.↳
Wang said in the first half of this year, the combined export of electric cars, lithium batteries and solar panels increased by 61.6 percent year-on-year, demonstrating the strong resilience of China’s foreign trade.↳