ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွင် ကြီးကျယ်ခမ်းနားသော အခန်းကဏ္ဍတစ်ရပ် ရေးသားလျက်ရှိကြောင်းနှင့် လွန်ခဲ့သည့် ရာစုနှစ်အတွင်း လူသားမျိုးနွယ်၏ တိုးတက်မှုလည်း ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ ကလေးများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် နှောင့်နှေးခြင်းမရှိဘဲ COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်သွားမည်ဖြစ်ကြောင်း နိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ လူပေါင်း ၄ သန်းသည် ယခုချိန်ထိ အနည်းဆုံး တစ်ကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်(Samdech Techo Hun Sen) က ဇွန် ၂၈...
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည့်သူ့ခန်းမကြီး၌ ထူးချွန်ပြောင်မြောက်သော CPC အဖွဲ့ဝင်များအား July 1 ဆုတံဆိပ် (July 1 Medal) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း...
ပေကျင်း ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC) တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အနုပညာ ဖျော်ဖြေပွဲကို ပေကျင်းမြို့တော်၌ တနင်္လာနေ့ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကမ်းခြေမြို့လေးဖြစ်သော Surfside မြို့ ရှိ ၁၂ ထပ် တိုက် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျမှုတွင် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးများ ညလုံးပေါက် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သော ညက ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူအရေအတွက်သည်...
ဂါဇာ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတစ်လျှောက်ရှိ ပါလက်စတိုင်းလူမျိုးများအား စီမံအုပ်ချုပ်ခွင့်ရထားသည့် အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု(ဟားမက်စ်)အဖွဲ့သည် တိုက်ခိုက်ရေးအတွက် စစ်ရေး လေ့ကျင့်ပေးရန် ၎င်းတို့၏ နွေရာသီ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးစခန်တစ်ခု၌ ပါလက်စတိုင်းဆယ်ကျော်သက်များကို လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ခတ္တမန္ဒူ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) နီပေါနိုင်ငံခတ္တမန္ဒူမြို့ရှိ ဆေးရုံတစ်ရုံ၏ COVID-19 ရောဂါ သီးသန့်ကုသဆောင်တစ်ခုမှ ရောဂါသက်သာပျောက်ကင်းသွားသော အသက် ၉၂ နှစ်အရွယ် အဖိုးအို ခါလီကာဒီဗီဘက်စ်ကိုတာ သည် ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် လမ်းလျှောက်သွားလာနေပုံမှာ မြင်ရသူအဖို့ လူသား၏ စိတ်တန်ခိုးစွမ်းအင်ကြောင့်ဟုပင် ဆိုရပေမည်။
လန်ဒန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ် (Matt Hancock) သည် နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုမြင့်တက်ခဲ့ရသည့် ၎င်း၏ အနီးကပ်လက်ထောက်အမျိုးသမီးတစ်ဦးနှင့် စွပ်စွဲခံနေရစဉ်အတွင်း COVID-19 ဆိုင်ရာ လူချင်းခပ်ခွာခွာနေထိုင်မှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မိကြောင့် ဝန်ခံခဲ့ပြီးနောက် ဇွန် ၂၆ ရက်တွင် ရာထူးမှ...
ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ထျန်းဝန်-၁ အာကာသယာဉ်သည် ဂြိုဟ်နီကြီးတွင် ဆင်းသက်ကာ စူးစမ်းရှာဖွေမှုပြုလုပ်နေသည့် ဓာတ်ပုံ ၊ ရုပ်သံဖိုင်အသစ်များကို ယနေ့ ဇွန် ၂၇ ရက်တွင် တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထုတ်ပြန်ခဲ့သည်။