Connect with us

Media

ရှင်းကျန်းနယ်စပ်စခန်းက ယခုနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထားအစင်းရေ ၄,၀၀၀ ကိုင်တွယ် ဆောင်ရွက်

ဝူးလူမုချီ ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နယ်စပ်စခန်းတစ်ခုဖြစ်သော Horgos ရထားဘူတာစခန်းသည် ယခုနှစ် ဇူလိုင် ၁၁ ရက်အထိ တရုတ်-ဥရောပ ကုန်တင်ရထားအစင်းရေ ၄,၀၀၀ အား ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက်တွင် နေ့စဉ်သုံးပစ္စည်းများ ၊ အဝတ်အစားများနှင့် စက်ယန္တရားအစိတ်အပိုင်းများ ပါရှိသည့် ကုန်သေတ္တာ ၅၅ လုံးအား သယ်ဆောင်လာသည့် ကုန်တင်ရထားတစ်စင်းသည် Horgos ရထားဘူတာစခန်းမှ ဘီလာရုဇ်နိုင်ငံသို့
ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် Horgos ရထားဘူတာစခန်းသည် ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားအား ကြိုဆိုခဲ့ပြီး ယခုအခါ ပြည်ပနိုင်ငံ ၁၈ နိုင်ငံရှိ မြို့နှင့်ဒေသ ၄၅ ခုသို့ ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းသွားလာသည့် လမ်းကြောင်း စုစုပေါင်း ၇၇ ခုရှိကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Xinjiang border port handles 4,000 China-Europe freight trains this year
Horgos railway port, a border port in northwest China’s Xinjiang Uygur Autonomous Region, has handled 4,000 China-Europe freight trains this year as of Tuesday.
On Tuesday, a cargo train carrying 55 containers of goods such as daily necessities, clothing and machinery parts left the Horgos port for Belarus.
In 2016, the Horgos port welcomed its first China-Europe freight train. Now, a total of 77 routes pass through the port to 45 cities and regions in 18 foreign countries.
Xinhua News Agency correspondents reporting from Urumqi, China.(XHTV)