Connect with us

Media

ရုရှားနိုင်ငံက တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံအတွက် အဓိကပစ္စည်းများ သင်္ဘောဖြင့် ပို့ဆောင်

ရုရှား ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

တရုတ်-ရုရှား အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများအနက် အကြီးဆုံးတစ်ခုဖြစ်သည့် Xudapu အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ(NPP)၏ တတိယမြောက် ဓာတ်အားပေးယူနစ်အတွက် အဓိကပစ္စည်းအား ရုရှားနိုင်ငံ Rostov ဒေသရှိ Volgodonsk မြို့မှ တရုတ်နိုင်ငံသို့ သင်္ဘောဖြင့် စတင်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းပစ္စည်းများတွင် Volgodonsk မြို့ရှိ Atommash စက်ရုံမှ ထုတ်လုပ်သည့် အဏုမြူဓာတ်ပေါင်းဖို ပါဝင်သည့် ရေယာဉ်တစ်စင်း ၊ ရေနွေးငွေ့ထုတ်စက် ၄ လုံးတို့ ပါဝင်သည်။ Atommash စက်ရုံသည် အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများ ထုတ်လုပ်ပေးသည့် ကုမ္ပဏီတစ်ခု ဖြစ်သော Atomenergomash ကုမ္ပဏီ၏ အစိတ်အပိုင်း ဖြစ်ပြီး ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom ၏ ဌာနခွဲတစ်ခု ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၌ တည်ရှိသည့် Xudapu အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ(NPP)သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒုတိယမြောက် အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ဖြစ်ကာ ယခုအထိ နိုင်ငံအတွင်း မြောက်ဘက်စွန်းရှိ အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Russia shipping key equipment for nuclear power plant in northeast China
Key equipment for the third power unit of Xudapu Nuclear Power Plant (NPP), one of the largest China-Russia nuclear energy cooperation projects, started shipping to China from Volgodonsk in Russia’s Rostov region on Tuesday.
The equipment includes a nuclear reactor containment vessel and four steam generators, which were manufactured at the Atommash plant in Volgodonsk. Atommash is part of Atomenergomash, a company that manufactures equipment for nuclear power plants, and a division of Russia’s State Atomic Energy Corporation Rosatom.
The Xudapu NPP, located in China’s Liaoning Province, is the second in northeast China and the northernmost nuclear power plant in the country so far.
Xinhua News Agency correspondents reporting from Volgodonsk, Russia.(XHTV)