ဖနွမ်းပင်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသားအမျိုးသားတစ်ဦးနှင့် ၎င်းနှင့်အတူကြံရာပါဖြစ်သော ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ၄၃ ကီလိုဂရမ်နီးပါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့က မတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရှန်ဟိုင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ဒစ်စနေးအပန်းဖြေဥယျာဉ်အား မြို့တော်ဆိုင်ရာ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လိုအပ်ချက်များအား ထပ်မံအကောင်အထည်ဖော်ရန် လူဝင်ရောက်မှုလျှော့ချခြင်းဖြင့် ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ကြောင်း မတ် ၁၁ ရက်က ကြေညာခဲ့သည်။
တီဟီရန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်အတွက် လိုအပ်သောရေနံများကို ဈေးနှုန်းတည်တည်ငြိမ်ငြိမ် နှင့် ရောင်းချရန် အသင့်ရှိကြောင်း အီရန်အမျိုးသားရေနံကုမ္ပဏီ (NIOC) အကြီးအကဲက မတ် ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် အစိုးရသတင်းဌာန IRNA က ဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒသည် “ယန်ဇီမြစ်နှင့် မြစ်ဝါမြစ်များ၏ ရေစီးကြောင်းက ပြောင်းပြန်စီးဆင်းမှာ မဟုတ်သကဲ့သို့” ပြောင်းလဲမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၁၁ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံလုံးနှင့် ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးရှိစေကြောင်း၊ နှစ်နိုင်ငံကြား ဆွေးနွေးမှုများနှင့် ဆက်သွယ်မှုများ ပိုမိုဆောင်ရွက်သွားသင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၁၁ ရက်က ပြောကြားခဲ့သည်။
ရင်ချွမ်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) အသက် ၄၆ နှစ်အရွယ် ဟဲဝန်ဟွာက ၎င်း၏ ဘီးတပ်ကုလားထိုင်ကို ချိန်ညှိလိုက်ပြီး စမတ်ဖုန်းကို ထရိုင်ပေါ့ (tripod) ပေါ်၌ နေရာချလိုက်ပြီးနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေလူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူကျုံးမြို့ရှိ ၎င်း၏ဇာတိ ဟုန်ယာကျေးရွာမှ ဒေသခံလက်မှုပစ္စည်းများကို...
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) အစိုးရရှေ့နေချုပ်ရုံး၏ တောင်းဆိုချက်အရ ရုရှားနိုင်ငံ၌ အမေရိကန်လူမှုကွန်ရက်ဖြစ်သော Instagram အသုံးပြုခွင့်ကို ကန့်သတ်သွားမည်ဟု ရုရှား တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဒွန်ဘတ်စ်ဒေသသို့ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် ပြည်ပမှ စေတနာ့ဝန်ထမ်းများအား ခွင့်ပြုရေးအကြံဉာဏ်ကို ထောက်ခံကြောင်း မတ် ၁၁ ရက်က ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Aviv Kohavi သည် ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေတပ်၏ ပဉ္စမမြောက် ရေတပ်ဌာနချုပ်သို့ မတ် ၁၀ ရက် က သွားရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သိရသည်။
ကိဗ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ ရုရှားပိုင်ဆိုင်သော ဥစ္စာပစ္စည်းများအား သိမ်းယူခွင့်ပြုသော ဥပဒေတစ်ရပ်ကို ယူကရိန်း သမ္မတ Volodymyr Zelensky က လက်မှတ်ရေးထိုးလိုက်ကြောင်း ယူကရိန်းလွှတ်တော်က မတ် ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။