Connect with us

Media

တရုတ်နိုင်ငံ၏ ခရီးသစ်က ကမ္ဘာကြီးကို အခွင့်အလမ်းသစ်များ ဖန်တီးပေး

ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခရီးသစ်သည် ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားသစ် ပေးစွမ်းမည်သာမက ကမ္ဘာကြီးအတွက်လည်း အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ရှဲ့ဖုန်းက မကြာသေးမီက ပြုလုပ်သော အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။
အဆင့်မြင့် ဆေးဘက်ဆိုင်ရာနည်းပညာအသင်း (AdvaMed) မှ ကြီးမှူးကျင်းပသော အခမ်းအနားတစ်ခုတွင် ရှဲ့က အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခိုင်မာစွာပြန်လည်အားကောင်းလာခဲ့ပြီး ကောင်းမွန်သော စတင်မှုပြုခဲ့ကြောင်း သံအမတ်ကြီးက ပြောခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမသုံးလပတ်အတွင်း ဂျီဒီပီသည် ယမန်နှစ်အလားတူကာလထက် ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒုတိယသုံးလပတ်အတွက် ပမာဏကလည်း မျှော်မှန်းထားသည်ထက် သာလွန်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်ကလည်း ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးကို ၅.၆ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
China’s new journey creates fresh opportunities for world: Chinese ambassador
WASHINGTON, June 30 (Xinhua) — Chinese Ambassador to the United States Xie Feng said at a recent event that China’s new journey will not only reinvigorate its own new development, but also create fresh opportunities for the world.
Xie delivered the remarks at a breakfast briefing hosted Wednesday by the Advanced Medical Technology Association (AdvaMed) at invitation.
The ambassador said that since the start of this year, China’s economy has rebounded strongly and kicked off to a good start. Its GDP grew 4.5 percent year on year in the first quarter, and the number for the second quarter is expected to outperform that. The World Bank has predicted China’s economy to grow at 5.6 percent this year.
Photo: Chinese Ambassador to the United States Xie Feng delivers remarks at a breakfast briefing hosted by the Advanced Medical Technology Association in Washington, D.C., the United States, on June 28, 2023. (Photo credit: Embassy of the People’s Republic of China in the United States of America)