Connect with us

Media

တရုတ် NEVs က အနောက်ဥရောပဈေးကွက်၏ ၉ ရာခိုင်နှုန်း နေရာယူထားနိုင်

ပေကျင်း၊ ဇူလိုင် ၂ရက် (ဆင်ဟွာ)

တရုတ်စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) အမှတ်တံဆိပ်များက ၂၀၂၃ ခုနှစ်အတွင်း အနောက်ဥရောပ NEV ဈေးကွက်၏ ၉ ရာခိုင်နှုန်း နေရာယူနိုင်မည်ဟု မျှော်မှန်းထားကြောင်း TrendForce ကမ္ဘာ့အကြံပေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရ သိရသည်။

အရှေ့တောင်အာရှဒေသရှိ NEV ဈေးကွက်အတွက်မူ တရုတ်မော်တော်ယာဉ်ပါဝင်မှုသည် ၂၀၂၂ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံတွင် NEV ကဏ္ဍ ဆောလျင်စွာဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ပိုမိုပြည့်စုံသော ထောက်ပံ့ကွင်းဆက်နှင့် ထိရောက်သောထုတ်လုပ်မှုရှိကြောင်း အချက်အလက်က ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ပထမငါးလအတွင်း မော်တော်ယာဉ် အစီးရေ ၁.၇၆ သန်း တင်ပို့ခဲ့ပြီး ယင်းအနက် ၄၅၇,၀၀၀ စီးမှာ NEVs များဖြစ်ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်းမှ အချက်အလက်များအရ သိရသည်။ (Xinhua)

………………………..

(English Version)

Chinese NEVs to grab 9 pct of West Europe market: report

BEIJING, July 1 (Xinhua) — Chinese new-energy vehicle (NEV) brands are expected to take up 9 percent of the West Europe NEV market in 2023, according to an industry report published by the global consultation firm TrendForce.

For the NEV market in Southeast Asia, the share of Chinese vehicles is expected to rise from 52 percent in 2022 to 63 percent this year, according to data.

China has a more complete supply chain and sufficient productivity due to its early development of the NEV industry, the report said.

In the first five months, China exported nearly 1.76 million units of vehicles, among which 457,000 were NEVs, data from the China Association of Automobile Manufacturers showed.