ရှန်ဟိုင်း၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သုတေသန ရေခဲပြင်ခွဲသင်္ဘော Xuelong 2 သို့မဟုတ် နှင်းနဂါး ၂ သည် နိုင်ငံ၏ ၃၇ ကြိမ်မြောက် အန္တာတိတ်ဒေသ စူးစမ်းလေ့လာရေးခရီးစဉ်အား မေ ၇ ရက်တွင် အဆုံးသတ်ခဲ့ပြီး ရှန်ဟိုင်းမြို့ရှိ မိခင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း...
ရှီးချန်း၊ မေ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အဝေးထိန်းအာရုံခံစနစ်သုံးဂြိုဟ်တုတစ်စုအား မေ ၇ ရက် တွင် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ Yaogan-30 အမျိုးအစားဖြစ်သော အဆိုပါဂြိုဟ်တုများအား ပေကျင်းစံတော်ချိန် နံနက် ၂ နာရီ ၁၁...
နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ထပ်မံကူးစက်ခံရသူ ၄၁၄,၁၈၈ ဦး အား စံချိန်သစ်တင်တွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကူးစက်ခံရသူဦးရေ ၂၁,၄၉၁,၅၉၈ ဦး ရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရသည်။
မာဂီလန်၊ အင်ဒိုနီးရှား၊ မေ ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ်နှင့် ယိုဂျာကာတာပြည်နယ်တို့အား ခွလျက်တည်ရှိနေသော မီရာပီမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ ပေါက်ကွဲမှုအများဆုံးဖြစ်ပွားသည့် မီးတောင်ရှင်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ မေ ၇ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း San Joaquin ကောင်တီ၊ Clements ရပ်ကွက်ရှိ ဘားပိုင်ရှင်တစ်ဦးသည် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း ကတ်ပြားအတုများ ရောင်းချမှုအတွက် တရားစွဲဆိုဖမ်းဆီးခံရကြောင်း ကယ်လီဖိုးနီးယား အရက်အဖျော်ယမကာထိန်းချုပ်ရေးဌာန (ABC) က ကြေညာခဲ့သည်။
ဘဂ္ဂဒက်၊ မေ ၇ ရက် (ဆင်ဟွာ) အီရတ်အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များက အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက် အနီးတွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဒေသခံခေါင်းဆောင် ၃ ဦး အား သတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ်က မေ ၆ ရက် တွင်ပြောသည်။
ဘရာဇာဗီလီ၊ မေ ၅ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Clement Mouamba သည် ၎င်း၏နုတ်ထွက်စာကို အစိုးရအဖွဲ့သမ္မတ Denis Sassou Nguesso ထံသို့ ဧပြီ ၅ ရက်တွင် ပေးအပ်ခဲ့ကြောင်း သမ္မတနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။ ဝန်ကြီးချုပ်၏ နုတ်ထွက်စာကို...
ပေကျင်း ၊ မေ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)၏ ဆောင်ရွက်မှုများသည် နောက်ဆုံးထုတ်ပြန်ခဲ့သော စက်မှုလုပ်ငန်းအချက်အလက်တွင် COVID-19 ရောဂါသက်ရောက်မှုမှ စီးပွားရေး ပြန်လည်နလံထူလာသည်နှင့်အမျှ ယခုနှစ် ပထမသုံးလပတ်တွင် တိုးတက်ခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ မေ ၆ ရက် (ဆင်ဟွာ) ဥရောပ ဆေးဝါးအေဂျင်စီ (EMA) က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား ပြန်လည်သုံးသပ်ခြင်း စတင်ပြီဖြစ်ကာ ဥရောပတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိရေး မျှော်မှန်းထားသည့် နောက်ဆုံးကာကွယ်ဆေး လျှောက်ထားမှုလည်း ဖြစ်သည်။
ပေကျင်း ၊ မေ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ငါးရက်ကြာ မေဒေးအားလပ်ရက်အတွင်း ပြည်တွင်း ခရီးစဉ် စုစုပေါင်း ၂၃၀ သန်း သွားရောက်ခဲ့ပြီး ပြီးခဲ့သောနှစ်ထက် ၁၁၉.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ မေ ၅ ရက်ထုတ်ပြန်ချက် အရ...