Connect with us

Videos

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ဖရဲသီးပွဲတော် ကျင်းပ

လော့စ်အိန်ဂျလိစ် ၊ ဇွန်၂၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ၂၀၂၃ ကယ်လီဖိုးနီးယား ဖရဲသီးပွဲတော်အား ပြီးခဲ့သောသီတင်းပတ်တွင် ကျင်းပခဲ့ပြီး ပွဲတော်တွင် ဖရဲသီး အခမဲ့ကျွေးမွေးခြင်း ၊ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ ၊ ပျော်ပွဲရွှင်ပွဲများ နှင့် အခြားသော မိသားစုလှုပ်ရှားမှုများ ပါဝင်ခဲ့ကြောင်း သိရသည်။
နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ပွဲတော်အတွင်း ဖရဲသီးများ နှင့် အရသာရှိသော အစားအစာများကို လာရောက်သူ လူရာပေါင်းများစွာ မြည်းစမ်းနိုင်ရေးအတွက် ဖရဲသီး အလေးချိန်ပေါင် ၁၀၀,၀၀၀ ကျော် (၄၅,၃၆၀ ကီလိုဂရမ်ခန့်) အား ဝေငှပေးရန် ပွဲစီစဉ်သူများက စီစဉ်ထားပြီး ဖရဲသီးအလှပြိုင်ပွဲများလည်း ပါဝင်ခဲ့သည်။ ပွဲတော်တွင် မတူကွဲပြားသော အနုပညာ နှင့် လက်မှုပညာပြသနိုင်သည့် ဈေးတန်းတစ်ခုလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
————————-
Watermelon festival held in Los Angeles
The 2023 California Watermelon Festival is taking place in Los Angeles over the weekend, featuring free watermelons, live entertainment, carnival rides and other activities for families.
During the two-day event, organizers plan to distribute over 100,000 pounds (about 45,360 kg) of watermelons to visitors as hundreds of people gather to taste watermelons and delicious food, and participate in watermelon-themed contests. The festival also features a marketplace, hosting a diverse range of art and craft exhibitors.
Xinhua News Agency correspondents reporting from Los Angeles, U.S. (XHTV)