Connect with us

Videos

ရုရှားနိုင်ငံက စိန်ခေါ်မှုများကြားမှ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း သမ္မတ ပူတင်ပြောကြား

စိန့်ပီတာဘာ့ခ် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် မကြုံစဖူးဖြစ်သော စိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်တွင် စီးပွားရေး တည်ငြိမ်မှုကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သမ္မတ ဗလာတီမာပူတင်က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။“အပြုသဘောဆောင်တဲ့ မက်ခရိုစီးပွားရေးလမ်းကြောင်းတွေက အရှိန်အဟုန်နဲ့ တိုးလာတယ် ။ ပိုပြီးတော့လည်း သိသာထင်ရှားလာပါတယ်”ဟု ပူတင်က ၂၆ ကြိမ်မြောက် စိန့်ပီတာဘာ့ခ်နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ GDP သည် ယခုနှစ်တွင် တိုးတက်မှုနှုန်း ၁.၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ရှိနိုင်ပြီး ယင်းမှာ ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံများအကြား ၎င်းတို့၏နေရာအား ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————
Russia maintains economic stability despite challenges: Putin
Russia has successfully maintained economic stability in the face of “unprecedented challenges,” President Vladimir Putin said on Friday.
“Positive macroeconomic trends are gaining momentum and becoming increasingly apparent,” Putin said during a plenary session of the 26th St. Petersburg International Economic Forum.
Russia’s GDP could achieve a growth rate of about 1.5 percent to 2 percent this year, which will enable the country to retain its place among the world’s leading economies, he said.
Xinhua News Agency correspondents reporting from St. Petersburg, Russia.(XHTV)