ဂိုတာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ သမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise) လုပ်ကြံခံရမှုတွင် ပါဝင်ပတ်သက်မှုရှိကြောင်း စွပ်စွဲခံထားရသည့် ရဲအရာရှိဟောင်းတစ်ဦး အပါအဝင် နောက်ထပ် ကိုလံဘီယာနိုင်ငံသား ၃ ဦးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကိုလံဘီယာနိုင်ငံ အာဏာပိုင်များက ဇူလိုင် ၁၅ ရက်တွင်ကြေညာခဲ့သည်။ စစ်တပ်အရာရှိဟောင်းများဖြစ်သည့်...
နယူးဒေလီ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 တတိယလှိုင်းသည် ဩဂုတ်လကုန်ပိုင်းတွင် ဖြစ်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယ ထိပ်တန်း ကျန်းမာရေး သုတေသနအဖွဲ့ဖြစ်သော အိန္ဒိယ ဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (ICMR) ၏ ကူးစက်ရောဂါဗေဒနှင့် ကူးစက်ရောဂါများဌာန အကြီးအကဲ ဒေါက်တာ Samiran Panda က ဇူလိုင်...
လစ္စဘွန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် Janssen ဓာတ်ခွဲခန်းမှ ကာကွယ်ဆေးများအား ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသား ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များအာဏာပိုင် (Infarmed) က ဇူလိုင် ၁၅ ရက်က ကြေညာခဲ့သည်။
ဆောပိုလို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျေအာဘိုဆိုနာရို (Jair Bolsonaro) ၏ ကျန်းမာရေး အခြေအနေမှာ ကျေနပ်ဖွယ်ရာ အဆင့်သို့ရောက်ရှိလာကြောင်း၊ သို့သော် ၎င်းသည် အူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် ကုသမှုအား ဆေးရုံ၌ ဆက်လက်ခံယူရမည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သည့် ဆေးဘက်ဆိုင်ရာ...
ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Rhineland-Palatinate ပြည်နယ်နှင့် North Rhine-Westphalia ပြည်နယ်တို့တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး (၅၈)ဦးအထိရှိလာခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံမီဒီယာအရသိရသည်။
ဘာလင်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း၌ ဇူလိုင် ၁၄ ရက်ညတွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် လူ ၃၀ ဦးပျောက်ဆုံးနေကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
တိုကျို ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ပြည်ပမှ အားကစားသမားတစ်ဦးသည် အိုလံပစ်အားကစားပွဲမတိုင်မီ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာပြီးနောက် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ပွဲစီစဉ်သူများက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဝါဆော၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ၎င်း၏အစိုးရအနေဖြင့် အသက် ၁၂ နှစ်အောက် ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဖြင့် နေ့စဉ်သေဆုံးမှု စာရင်းအရ ဇူလိုင် ၁၅ ရက်တွင် ထပ်မံသေဆုံးသူ ၉၈ ဦးရှိရာ နိုင်ငံအတွင်း စုစုပေါင်းသေဆုံးသူဦး ရေ ၃,၀၃၂ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အချက်အလက်များအရ...
အေသင်၊ ဇူလိုင် ၁၅ (ဆင်ဟွာ) ဂရိနိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ မြင့်တက်လာခြင်းသည် မေလလယ်ပိုင်းက နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း ဂရိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Harry Theoharis က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။