Connect with us

Media

ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ မေ ၁၄ ရက်တွင် ကျင်းပမည်

ဘန်ကောက်၊ မတ်၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် အောက်လွှတ်တော်ကို တရားဝင်ဖျက်သိမ်းပြီး တစ်ရက်အကြာတွင် အထွေထွေရွေးကောက်ပွဲကို မေ ၁၄ ရက်၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့၏ ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်းမှုကို ဧပြီ ၄ ရက်မှ ၇ ရက်ကြား တင်သွင်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Ittiporn Boonpracong က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အောက်လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀၀ ဦး၏ လျှောက်ထားတင်သွင်းမှုအစီအစဉ်ကိုလည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်၌ ကြေညာထားသည်။

အဆင့်နှစ်ဆင့်ရှိသော ရွေးကောက်ပွဲစနစ်အရ မဲပေးပိုင်ခွင့်ရှိသူ ၅၂ သန်းကျော်က အောက်လွှတ်တော် ကိုယ်စားလှယ် ၅၀၀ ဦးအတွက် ရွေးချယ်ရမည်ဖြစ်သည်။ (Xinhua)

……………………………………………
(English Version)
Thailand to hold general election on May 14
Thailand plans to hold a general election on May 14, the country’s Election Commission announced on Tuesday, a day after the House of Representatives was dissolved.

Political parties must submit their prime ministerial nominees between April 4 and April 7, Election Commission Chairman Ittiporn Boonpracong told a news conference.

In a statement, the Election Commission also announced the application schedule for 500 House of Representatives candidates.

Under the two-ballot system, more than 52 million eligible voters will elect 500 members of the House of Representatives.

Xinhua News Agency correspondents reporting from Bangkok.
(XHTV)