Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲအတွက် မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်မှု စတင်

ဖနွမ်းပင် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၌ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မီးရှူးတိုင်လက်ဆင့်ကမ်း သယ်ဆောင်မှုအား နှစ်နှစ်တစ်ကြိမ် ကျင်းပသော ဆီးဂိမ်းပြိုင်ပွဲ စတင်ရန် ၄၅ ရက်အလို မတ် ၂၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni သည် ဝန်ကြီးချုပ်ဟွန်ဆင်ကို ခြံရံလျက် နိုင်ငံအနောက်မြောက်ပိုင်း Siem Reap ပြည်နယ်ရှိ နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်း၌ ကျင်းပသည့် မီးရှူးတိုင်မီးထွန်းညှိခြင်းအခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက်မီးရှူးတိုင်အား သယ်ဆောင်ကာ အန်ကောဝပ်ဘုရားကျောင်းအား လှည့်ပတ်ခဲ့ကြောင်း နှင့် မီးရှူးတိုင်ကို မတ် ၂၂ ရက်တွင် ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ဘရူနိုင်း ၊ အင်ဒိုနီးရှား ၊ တီမော ၊ မလေးရှား ၊ စင်္ကာပူ ၊ ထိုင်း ၊ မြန်မာ နှင့် လာအို နိုင်ငံတို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ လှည့်လည်သယ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မီးရှူးတိုင်သည် ဧပြီ ၂၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Torch relay begins for 2023 SEA Games in Cambodia
The torch relay for the 32nd Southeast Asian (SEA) Games in Cambodia began on Tuesday, with 45 days to go until the start of the biennial regional multi-sport event.

Cambodia’s King Norodom Sihamoni, accompanied by Prime Minister Samdech Techo Hun Sen, presided over the torch-lighting ceremony held at the famed Angkor Wat temple in northwest Siem Reap province.

The torch was then carried, circling Angkor Wat, and on March 22, it will leave Cambodia to tour other Southeast Asian nations including Vietnam, the Philippines, Brunei, Indonesia, Timor-Leste, Malaysia, Singapore, Thailand, Myanmar and Laos.

The torch will return to Cambodia on April 27.
Xinhua News Agency correspondents reporting from Phnom Penh.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.