တိုကျို၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံက ဇူလိုင်လလယ်ပိုင်းမှစ၍ “ကာကွယ်ဆေး ပတ်စပို့” စတင်ထုတ်ပေးရေး မြူနီစီပယ်ဒေသများအား ခွင့်ပြုရန် စီစဉ်ထားကြောင်း ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူက “နှောင့်နှေးခြင်းမရှိ လိုက်နာဆောင်ရွက်ရေး” အထောက်အထားများအား ကိုးကား၍ ဇွန် ၁၇ ရက်၌ ပြောကြားခဲ့သည်။
ကူမင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နာမည်ကျော် လှည့်လည်သွားလာနေသည့်ဆင်အုပ်စုသည် အနောက်မြောက်ပိုင်း ၂.၆ ကီလိုမီတာအထိ ဦးတည်သွားလာခဲ့ပြီး အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ယွီရှီးမြို့၊ စီကျဲမြို့နယ်တွင် ဆက်လက်၍ တဝဲဝဲလည်လည် သွားလာလျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၁၅၀ ဦးရှိပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်းကူးစက်ခံရသူ ၆၇၃,၀၂၆ ဦးထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဂါဘရွန်နေ ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ဘော့စ်ဝါနာနိုင်ငံ သမ္မတ Mokgweetsi Masisi နှင့် အစိုးရအဖွဲ့ဝင်များအား Debswana စိန်ကုမ္ပဏီက အလေးချိန် ၁,၀၉၈ ဒသမ ၃၀ ကရက်ရှိသော စိန်တုံးကို ဇွန် ၁၆ ရက်တွင် ဘော့စ်ဝါနာနိုင်ငံ မြို့တော် ဂါဘရွန်နေမြို့၌ ပြသခဲ့ကြောင်း...
ကျိုချွမ်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လူလိုက်ပါအာကာသယာဉ် “Shenzhou-12”ကို ယနေ့ ကြာသပတေးနေ့နံနက်ပိုင်းတွင် အောင်မြင်စွာ လွှတ်တင်လိုက်ပြီဖြစ်သည်။ အဆိုပါယာဉ်တွင် လိုက်ပါသွားသည့် အာကာသယာဉ်မှူးသုံးဦးသည် အာကာသစခန်း ပင်မခန်း Tianheတွင် (၃)လကြာ နေထိုင်သွားကြမည်ဖြစ်သည်။
ကျိုချွမ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) Shenzhou-12 လူလိုက်ပါသော အာကာသခရီးစဉ်၏ တရုတ်အာကာသယာဉ်မှူး ၃ ဦးအား လိုက်ပါပို့ဆောင်ခြင်း ဂုဏ်ပြုငအခမ်းအနားကို နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ Wentiange ရင်ပြင်တွင် ဇွန် ၁၇ ရက် နံနက်ပိုင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် စီးပွားရေး ပြန်လည် နလံထူရန် လာမည့် ရက်ပေါင်း ၁၂၀ အတွင်း နိုင်ငံခြားခရီးသွားများအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးခြင်း နှင့် အောက်တိုဘာလတွင် နိုင်ငံ့လူဦးရေ သန်း ၅၀ ကျော်ကို COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်စီထိုးနှံပြီးစီးရန်...
ကျိုချွမ်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဇွန် ၁၇ ရက်တွင်လွှတ်တင်မည့် လူလိုက်ပါအာကာသ ခရီးစဉ်အတွက် လိုက်ပါသွားကြမည့် အာကာသယာဉ်မှူးများ ဖြစ်ကြသော နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်၊ ထန်းဟုန်ပေါတို့ (၃)ဦးအား China Manned Space Agency (CMSA)က ဗုဒ္ဓဟူးနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍...
ဆန်းရှီး၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) တရုတ်စွမ်းအင် ကုမ္ပဏီ Jinneng Holding Group က တရုတ်နိုင်ငံမြောက်ပိုင်းဆန်းရှီးပြည်နယ်ရှိ မြေအောက် ကျောက်မီးသွေးတူးဖော်ရေးမိုင်းတွင်းလုံခြုံရေးနှင့် အန္တရာယ်ရှိသည့်ဓါတ်ငွေ့များထွက်ရှိမှုရှိမရှိကို ပုံမှန်စစ်ဆေးပေးရန် စက်ရုပ်တစ်ရုပ် အသုံးပြုကာဆောင်ရွက်စေကြောင်းသိရသည်။ ထိုစက်ရုပ်လေးကို Pixar မှ ထွက်ရှိထားသည့် Wall-E အမည်ရှိ စက်ရုပ် အန်နီမေးရှင်းရုပ်ရှင်အား...
ရှန်ဟိုင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ China National Space Administration (CNSA) သည် မကြာသေးမီက တရုတ်နိုင်ငံ၏ ပထမဆုံး လဆင်းယာဉ် Zhurong မှ ရိုက်ကူးထားသည့် ဓါတ်ပုံအသစ်များကို ထုတ်ဖော်ပြသခဲ့ရာ ၎င်းမှာ တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးခရီးစဉ်...