Connect with us

Media

တရုတ်နိုင်ငံ၏ AG600 ကုန်း၊ ရေနှစ်သွယ်သွားလေယာဉ်ကို ၂၀၂၅ ခုနှစ်တွင် ဈေးကွက်ဝင်နိုင်မည်

ပေကျင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ AG600 ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်ကို ၂၀၂၅ ခုနှစ်တွင် ဈေးကွက်ဝင်နိုင်ရန်စီစဉ်ထားသည်။
တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က အဆိုပါ AG600M ကုန်း၊ရေနှစ်သွယ်သွား အံ့ဖွယ်လေယာဉ်အတွက် စမ်းသပ်မှုများကို အဆင်ပြေချောမွေ့စေခဲ့သည်။
AVIC အနေဖြင့် AG600M လေယာဉ်ကို ၂၀၂၄ ခုနှစ်တွင် အသိအမှတ်ပြုလက်မှတ်ရရှိရန်နှင့် ၂၀၂၅ ခုနှစ်၌ ကနဦးစတင်လွှဲပြောင်းပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
AG600 မိသားစုဝင်ဖြစ်သော ၎င်းလေယာဉ်ကို ခွန်းလုံ (Kunlong) သို့မဟုတ် ရေနဂါးဟူ၍ အမည်ဝှက်ပေးထားသည်။
AVIC က AG600 လေယာဉ်အမျိုးအစားများကို အထူးသဖြင့် အရေးကြီးကယ်ဆယ်ရေးမစ်ရှင်များဖြစ်သော မီးငြှိမ်းသတ်ခြင်း၊ ပင်လယ်ရေကြောင်းရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ အခြားအရေးပါသည့်မစ်ရှင်များအတွက် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။
AG600M လေယာဉ်ကိုမူ တောမီးငြှိမ်းသတ်ရန် အထူးထုတ်လုပ်ထားခြင်းဖြစ်သည်။
လေယာဉ်ပျံတက်အလေးချိန် တန် ၆၀ ရှိသော ယင်းလေယာဉ်သည် ရေတန်ချိန် ၁၂ တန် သယ်ဆောင်နိုင်ကာ ဝေဟင်နိမ့်၌ အရှိန်နှုန်းဖြည်းဖြည်းဖြင့် ပျံသန်းနိုင်ပြီး မီးလောင်သောနေရာများပေါ် တိကျသေချာစွာ ရေပက်ဖျန်းနိုင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်သည် လေယာဉ်လုပ်ငန်းအတွက် အရေးပါသောနှစ်ဖြစ်သည်ဟု ဆိုသည်။ (Xinhua)

……………………………………..
(English Version)
China’s AG600 amphibious aircraft to enter market in 2025
China’s #AG600 large amphibious aircraft is set to enter the market in 2025.
Follow Birdy to find out more about this remarkable large aircraft designed for special missions.
Get ready for the next big thing in firefighting aircraft: the AG600M.
The Aviation Industry Corporation of China (AVIC) is facilitatintests for this amphibious wonder.
The AVIC plans to obtain certification for the AG600M in 2024 and start initial deliveries in 2025.
The AG600 aircraft family is codenamed Kunlong, or Water Dragon.
The AVIC developed the AG600 aircraft family specially for emergency rescue missions such as firefighting, maritime search and rescue and other critical missions.
The AG600M is specifically designed to combat forest fires.
With a maximum take-off weight of 60 tonnes, it can carry up to 12 tonnes of water.
It can perform low-altitude flight at low speeds making it ideal for dropping water accurately on fire sites.
2023 is a critical year for the aircraft.