Connect with us

Media

ဝူဟန့်မြို့တွင် Baidu မှ မောင်းသူမဲ့တက္ကစီ အစီးရေ ၁၀၀ ကျော် စီးပွားဖြစ်မောင်းနှင်ပြေးဆွဲ

ဝူဟန့်၊ မတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့တွင် Baidu ၏ အလိုအလျောက်မောင်းနှင်နိုင်သော မော်တော်ယာဉ်ပလက်ဖောင်း Apollo Go မှ ဆောင်ရွက်သည့် မောင်းသူမဲ့တက္ကစီ အရေအတွက်မှာ အစီးရေ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း အဆိုပါ နည်းပညာကုမ္ပဏီနှင့် ဝူဟန့်မြို့ စီးပွားရေးနှင့် သတင်းအချက်အလက်ဗျူရိုက ဖေဖော်ဝါရီ ၂၈ ရက်၌ ပြောကြားခဲ့သည်။

ဝူဟန့်မြို့တွင် လက်ရှိ၌ မောင်းသူမဲ့မော်တော်ယာဉ် စီးပွားဖြစ်ပြေးဆွဲနိုင်ရန် ခေတ်မီပြီး အင်တာနက်ချိတ်ဆက်ထားသော စမ်းသပ်လမ်းမှာ ကီလိုမီတာ ၇၅၀ ကျော်ရှိပြီဖြစ်သည်။

စတုရန်းကီလိုမီတာ ၅၃၀ ခန့်လွှမ်းခြုံထားသော ဝူဟန့်မြို့ရှိ စက်ရုပ်တက္ကစီဝန်ဆောင်မှုမှာ လူဦးရေ ၁.၅ သန်းနီးပါးအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။ (Xinhua)
#China #Wuhan #DriverlessTaxi #တရုတ် #ဝူဟန့် #မောင်းသူမဲ့တက္ကစီ
……………………………………..
(English Version)
Over 100 driverless taxis from Baidu in commercial operation in Wuhan
More than 100 driverless taxis from China’s tech giant Baidu are in commercial operation in the central city of Wuhan.
The number of fully driverless taxis run by Apollo Go, Baidu’s autonomous ride-hailing platform has exceeded 100 in Wuhan, central China, said the tech firm and Wuhan Municipal Bureau of Economy and Information on Tuesday.
The city currently has over 750 kilometers of smart and internet-connected test roads for the commercial operation of autonomous driving vehicles.
Covering an area of about 530 square kilometers, the robotaxi service in Wuhan can reach a population of nearly 1.5 million.
Xinhua News Agency correspondents reporting from Wuhan, China.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.