ဝါရှင်တန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ဇူလိုင်လလယ်တွင် အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန် ၁၄ ရက်၌ ကြေညာခဲ့သည်။
ရှန်ဟိုင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ရှန်ဟိုင်းဒစ္စနေးအပန်းဖြေစခန်းက ဒစ္စနေးတောင်း နှင့် ရှန်ဟိုင်းဒစ္စနေးလန်းဟိုတယ် နှစ်ခုလုံးအား ဇွန် ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဇွန် ၁၄ ရက်တွင် ကြေညာခဲ့သည်။
မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် လက်တုန်ပြန်သည့်အနေဖြင့် ဗြိတိန်မီဒီယာများမှ လူပေါင်း ၂၉ ဦး နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လူပေါင်း ၂၀ ဦးကို လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) စိုက်ပျိုးရေး ၊ ကျေးလက်ဒေသများ နှင့် ကျေးလက်နေပြည်သူများ၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ မိန့်ဆိုမှု လမ်းညွှန်ချက်များကို အဓိက နိုင်ငံရေးတာဝန်တစ်ရပ်အဖြစ် လေ့လာသင်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Hu Chunhua က...
ဒါကာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဒါကာတိရစ္ဆာန်ဥယျာဉ် ဟု လူသိများသော ဘင်္ဂလားဒေ့ရှ် အမျိုးသားတိရစ္ဆာန်ဥယျာဉ်ရှိ ကျားခြံဝင်းအတွင်း ဘင်္ဂလားကျားပေါက်လေးနှစ်ကောင်အား အခြားကျားတစ်ကောင်နှင့်အတူ ဆော့ကစားနေသည်ကို ဇွန် ၁၃ ရက်က မြင်တွေ့ရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နက်ရှိုင်းသောအာကာသစူးစမ်းလေ့လာရေး ဓာတ်ခွဲခန်းကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း မဟာဘွဲ့ ၆ ဒသမ ၅ သန်းကျော် နှင့် ပါရဂူဘွဲ့ ၆၀၀,၀၀၀ ကျော် ချီးမြှင့်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရာသီဥတုဒဏ်ခံနိုင်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ၌ အရေးပါသော ရှေ့ဆက်ခြေလှမ်းများအဖြစ် ရာသီဥတုပြောင်းလဲခြင်း စောင့်ကြည့်ခြင်းနှင့် အန္တရာယ်ဖြစ်နိုင်သော ကာကွယ်နိုင်စွမ်းများ အဆင့်မြှင့်တင်ရန် အသေးစိတ် ဆောင်ရွက်ချက်များကို ထားရှိကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား စီမံကိန်း ၁၃ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC)အထူးရန်ပုံငွေ ၂၀၂၂ မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းကျော်အား ဇွန် ၁၃ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အော့တဝါ ၊ ဇွန်၁၄ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူးဒေါ့က ၎င်းသည် COVID-19 ရောဂါ ထပ်မံကူးစက်ခံရကြောင်း ဇွန် ၁၃ ရက်တွင် တွစ်တာလူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။