Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် မြွေမျိုးစိတ်အသစ် တွေ့ရှိ

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မြွေမျိုးစိတ်အသစ်ရှာဖွေတွေ့ရှိခဲ့ကြောင်း European Journal of Taxonomy သိပ္ပံသုတေသနဂျာနယ်၌ ဖော်ပြထားသောဆောင်းပါးအရ သိရသည်။
မေ ၃ ရက်ထုတ် European Journal of Taxonomy တွင် ဖော်ပြခဲ့သော ထိုသုတေသနတွေ့ရှိမှုကို အိန္ဒိယနိုင်ငံ မီဇိုရမ်တက္ကသိုလ်မှ သတ္တဗေဒပညာရှင်များအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆောင်းပါး၌ ဖော်ပြထားသည်။
အဆိုပါ အသစ်တွေ့ရှိထားသော မြွေမျိုးစိတ်ကို နာမည်ကျော် ပြင်သစ် သတ္တဗေဒပညာရှင် Patrick David အား ဂုဏ်ပြုသောအားဖြင့် Herpetoreas davidi ဟု အမည်ပေးထားကြောင်း သိရသည်။
လတ်တလောတွင် အသစ်တွေ့ရှိထားသော မြွေမျိုးစိတ်ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ရခိုင်ရိုးမဆင်ရိုင်းဘေးမဲ့တောတွင်သာ တွေ့ရှိရခြင်းဖြစ်ကြောင်း ဆောင်းပါး၌ ဖော်ပြထားသည်။
ထိုမြေမျိုးစိတ်များ၏ အကြောင်းအရာနှင့် အန္တရာယ်ပေးနိုင်ခြေရှိမှု သိရှိနိုင်ရန် အခြားဇီဝဗေဒဆိုင်ရာ အချက်အလက်များ မရှိသေးခြင်းကြောင့် ၎င်းမျိုးစိတ်ကို အချက်အလက်ပြည့်စုံမှုမရှိသည့်မျိုးစိတ်များ (Data Deficient=DD) အဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း သုတေသီများက အကြံပြုထားကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
New snake species discovered in western Myanmar
YANGON, May 7 (Xinhua) — A new snake species has been found in western Myanmar’s Rakhine State, according to the European Journal of Taxonomy.
The research finding, which was published in the European Journal of Taxonomy on May 3, was made by a team of herpetologists from Mizoram University in India, the report said.
The newly discovered snake is named Herpetoreas davidi — after the famous French taxonomist Patrick David, the report said.
The newly discovered species is currently known only from Myanmar’s Rakhine Yoma Elephant Sanctuary, Gwa Township of Rakhine State, a protected area, the report said.
In absence of other biological data to access its population status and potential threat, the researchers suggested that the species should be considered a Data Deficient (DD) species, following the Red List categories of the International Union for Conservation of Nature.