မော်စကို၊ မတ် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံတွင် ဇီဝလက်နက် အစိတ်အပိုင်းများ ဖော်ထုတ်မှု၌ တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၄ ရက်က ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ကုလသမဂ္ဂ (UN)ဌာနချုပ်၌တာဝန်ထမ်းဆောင်နေသော ရုရှားနိုင်ငံ သံတမန်များအား အမေရိကန်က မကြာသေးမီတွင် နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားရှိ အမေရိကန် သံတမန်များအား နှင်ထုတ်ကြောင်း ရုရှားနိုင်ငံက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) ကွမ်ရှီး (ကျွမ့်လူမျိူး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တောင်ပေါ်သို့ ပျက်ကျခဲ့သော China Eastern Airlines လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်မှ ပြန်လည်တွေ့ရှိခဲ့သော black box မှာ လေယာဉ်မှုးအခန်းမှ အသံဖမ်းစက် ဖြစ်ဖွယ်ရှိကြောင်း လေကြောင်းတာဝန်ရှိသူတစ်ဦးက မတ် ၂၃ ရက်...
ကဘူးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အိမ်စောင့်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပညာသင်နှစ်အသစ်ကို မတ်၂၃ ရက်က စတင်ခဲ့ပြီး အာဖဂန် ကလေးငယ် သန်းပေါင်းများစွာသည် စာသင်ကျောင်းများသို့ သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အယူအဆ ခြုံငုံကောက်ချက်ချခြင်းနှင့် တရုတ် စီးပွားရေးလုပ်ငန်းများအား ကျိုးကြောင်းဆီလျော်မှုမရှိစွာ ဖိနှိပ်ရန် နိုင်ငံ့အာဏာသုံးပြုခြင်းကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက မတ် ၂၄ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
မော်စကို ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်နိုင်ငံများ နှင့် အမေရိကန်နိုင်ငံတို့အပါအဝင် ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံများအား သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချရာတွင် ရုရှားငွေ ရူဘယ်တစ်ခုတည်းဖြင့်သာ လက်ခံတော့မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ သို့မဟုတ် ယူရို ငွေကြေးအား ပယ်ချသွားမည် ဖြစ်ကြောင်း...
စိန်ရန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
မနီလာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးက နိုင်ငံတကာခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင်များ ပြန်လည်ဖော်ဆောင်ရန် နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်ရောက်ခြင်းကန့်သတ်ချက်များကို ဖြေလျှော့ရန် ညွှန်ကြားခဲ့ကြောင်း မတ် ၂၃ ရက် သမ္မတအမိန့်တစ်ရပ်အရ သိရသည်။
နန်နင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျသွားခဲ့သည့် တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်၏ ပျံသန်းမှုခရီးစဉ် အသေးစိတ်အကြောင်းအရာအလိုအလျောက် မှတ်တမ်းတင်ပေးသည့် စက်ကိရိယာ(Black Box)တစ်လုံးအား ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက မတ် ၂၃ ရက်တွင် အခင်းဖြစ်နေရာ၌...
ကူမင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံမှ ဥပဒေစိုးမိုးရေးအာဏာပိုင်များက ၁၁၅ ကြိမ်မြောက် မဲခေါင်မြစ် အတွင်းပူးတွဲကင်းလှည့်ခြင်း စတင်ရန်အတွက် မတ် ၂၂ ရက်က တပ်ဖွဲ့များ ပါဝင်ချိတ်ဆက်ခဲ့ကြကြောင်း သိရသည်။