Connect with us

Videos

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံမှရန်ပုံငွေဖြင့် မြို့တော်ဖနွမ်းပင်၌ မြစ်ကူးတံတား တည်ဆောက်မှုစတင်

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံမှ ရန်ပုံငွေဖြင့် မြို့တော်ဖနွမ်းပင်၏ တောင်ဘက်ပိုင်းရှိ Bassac မြစ်ကိုဖြတ်၍ တံတားတည်ဆောက်ရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားအား ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Wang Wentian တို့က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ကာ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဒေသန္တရတာဝန်ရှိသူများ ၊ ဒေသခံများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ယင်းမြစ်ကူးတံတားက အရှည် ၈၄၅.၇ မီတာ ၊ အကျယ် ၂၇ မီတာ ရှိကာ ချိတ်ဆက်လမ်း ၈၀၄.၃ မီတာ ရှိပြီး တရုတ်နိုင်ငံ၏ သက်သာသောချေးငွေအောက်တွင် ရှန်ဟိုင်းဆောက်လုပ်ရေးလုပ်ငန်းစုက တည်ဆောက်သွား မည် ဖြစ်ကြောင်းနှင့် ၄၂ လအတွင်း ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
———————————
Cambodia begins to construct river bridge in capital with funds from China
Cambodia on Monday broke ground for the construction of a bridge across the Bassac River in the southern part of the capital Phnom Penh, with funds from China.
The ceremony was presided over by Cambodian Prime Minister Hun Manet and Chinese Ambassador to Cambodia Wang Wentian and attended by officials, local authorities, residents and students.
The bridge, measuring 845.7 meters in length and 27 meters in width, along with an 804.3-meter connecting road, will be built by the Shanghai Construction Group under China’s concessional loan and is expected to be completed in 42 months.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.