မော်စကို ၊ မတ် ၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Sergei Shoigu က အနောက်နိုင်ငံများမှ ရုရှားအားခြိမ်းခြောက်မှုများကို ခုခံကာကွယ်သည့်အနေဖြင့် အဓိကရည်မှန်းချက်ပန်းတိုင်များရောက်ရှိအောင်မြင်သည်အထိ ယူကရိန်းနိုင်ငံအတွင်း ၎င်း၏ အထူးစစ်ဆင်ရေးလှုပ်ရှားမှုများကို ရုရှားနိုင်ငံက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua) ………………………………. (English Version) Urgent:...
ဒမတ်စ်ကပ်စ် ၊ မတ် ၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့လယ်ခေါင်ရှိ ဈေးဝယ်စင်တာကြီးတစ်ခု၌ မတ် ၁ ရက် နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး အခြား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
မော်စကို၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ရှင်းလင်းပြတ်သားသော အောင်မြင်မျိုး ရရှိခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေသည့် သံတမန်ရေးရာကြိုးပမ်းမှုများအားလုံးကို အမြဲတမ်း ထောက်ခံအားပေးကြောင်း နှင့် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ခြင်းအား ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက...
အစ္စတန်ဘူလ်၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းသည် ဂရိလေပိုင်နက်အတွင်းသို့ ဝင်ရောက်ရန် ငြင်းဆိုခံရပြီးနောက် အစ္စတန်ဘူလ်မြို့ လေဆိပ်၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆင်းသက်ခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ့် ၊ မတ် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို့တော် Arden Fair mall ဈေးဝယ်စင်တာအနီးရှိ ဘုရားရှိခိုးကျောင်းတစ်ခု၌ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူ ၅...
ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ဂျပန်နိုင်ငံအနေဖြင့် ဝင်ပါစရာအကြောင်းမရှိကြောင်း ၊ ထိုင်ဝမ်မေးခွန်းအပေါ် စဉ်းစားဆင်ခြင်ဉာဏ်ရှိစွာ ပြုမူပြောဆိုရန် နှင့် ရန်စသည့်လုပ်ရပ်များကို ရပ်တံ့ရန် ဂျပန်နိုင်ငံဘက်ကို တိုက်တွန်းကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင်...
ဟောင်ကောင်၊ မတ် ၁ ရက် (ဆင်ဟွာ) ဟောင်ကောင်ရှိ ချင်းရီးမြို့တွင် သီးသန့် ရောဂါကုသမှုအဆောက်အအုံအစု (CIF) တည်ဆောက်မှုအား ပြည်မကြီး၏ ပံ့ပိုးမှုအကူအညီဖြင့် အချိန်ကာလတစ်ပတ်အတွင်း ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်၌ ပြီးစီးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia က ကုလသမဂ္ဂ၌ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။