Connect with us

Media

တရုတ်နိုင်ငံက အီရန်နှင့် ပါကစ္စတန် နိုင်ငံများကြား ဆက်ဆံရေးမြှင့်တင်ရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိ

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အီရန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား ယင်းနှစ်နိုင်ငံ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ ဆက်ဆံရေးမြှင့်တင်ရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အီရန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် စပ်လျဉ်း၍ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် အီရန်နှင့် ပါကစ္စတန်ကြား အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပြောခဲ့သည်။

အီရန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ရင်းနှီးသော အိမ်နီးချင်းများနှင့် မိတ်ဆွေကောင်းများ ဖြစ်ကြကြောင်း ဝမ်က ဆိုသည်။

“တရုတ်နိုင်ငံက ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ အီရန်နဲ့ ပါကစ္စတန်ကြား ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မတူကွဲပြားမှုတွေကို ဖြည့်ဆည်းပေးဖို့ ဆက်လက်ပံ့ပိုးဖို့ ကတိပြုထားပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

“မိမိတို့အနေနဲ့ လိုအပ်မှုပေါ် အခြေခံပြီး အီရန်နဲ့ ပါကစ္စတန် ဆက်ဆံရေးမြှင့်တင်ဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ဆက်လက်ပါဝင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
China to continue playing positive role in improving relations between Iran, Pakistan: FM spokesperson
BEIJING, Jan. 22 (Xinhua) — China is willing to continue to play a positive and constructive role in improving the relations between Iran and Pakistan based on the needs of the two countries, a Chinese Foreign Ministry spokesperson said on Monday.
In response to a query regarding China’s mediation between Iran and Pakistan, spokesperson Wang Wenbin said at a daily news briefing that China maintains close communication with Iran and Pakistan.
Iran and Pakistan are friendly neighbors and both are good friends of China, Wang said.
“China is committed to upholding regional and international peace and stability and supports Iran and Pakistan in continuing to bridge differences through dialogue and consultation,” said the spokesperson.
“We would like to continue to play a positive and constructive role in improving the relations between Iran and Pakistan based on the needs of the two countries,” he added.