ကိဗ်၊ မေ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နှင့်၎င်း၏အနောက်မဟာမိတ်နိုင်ငံတွေကယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ရုရှားကိုအရေးယူဒဏ်ခတ်ပိတ်ဆို့မှုအသစ်ချမှတ်ကြောင်းတနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာသည်။တစ်ချိန်ထဲတွင် ကနေဒါဝန်ကြီးချုပ်သည် ယူကရိန်းသမ္မတနှင့်ကိဗ်မြို့တော်တွင်တွေ့ဆုံပြီး ယူကရိန်းကိုစစ်ရေးအကူအညီထပ်မံပေးပြီး ရုရှားကိုအရေးယူဒဏ်ခတ်ပိတ်ဆို့မှုထပ်မံချမှတ်မည်ဟုကြေညာခဲ့သည်။ (Xinhua) #Ukraine crisis, #Ukrainian president , #China, #Xinhua, #Myanmar #XinhuaMyanmar, #ရုရှား-ယူကရိန်းပဋိပက္ခ #ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီး #တရုတ် #ဆင်ဟွာ...
ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ပဋိပက္ခနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
နယူးဒေလီ၊ မေ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အာစန်နီ (Asani) ဆိုင်ကလုန်းမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အန်ဒရာပရာဒက်ရှ်-ဩရိဿ မြောက်ဘက်လမ်းကြောင်းသို့ ရွေ့လျားသွားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၉ ရက်၌ ပြောကြားခဲ့သည်။
ဆိုးလ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို (Yoon Suk-yeol)က ၎င်း၏ အစိုးရအဖွဲ့သစ်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားအရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရန် မြောက်ကိုရီးယားနိုင်ငံ(DPRK) နှင့် တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထားမည် ဖြစ်ကြောင်း မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပြည်နယ်အဆင့်ဒေသများစွာ၌ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေသော်ငြားလည်း ယခုနှစ် ပထမလေးလတာကာလအတွင်း ကြံ့ကြံ့ခံရပ်တည်လျက် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်တွင် တရုတ်လူငယ်များအနေဖြင့် ၎င်းတို့၏ အိပ်မက်များအား လက်တွေ့အကောင်အထည်ဖော်ရန် တောက်ပသည့် မျှော်လင့်ချက်များရှိကြောင်း မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ ၊ မေ ၁၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် အသက် ၆၄ နှစ်အရွယ် ဖာဒီနန်မားကို့စ်ဂျူနီယာသည် ၎င်း၏ အနီးကပ်ပြိုင်ဘက် အသက် ၅၇ နှစ်အရွယ် လက်ရှိဒုတိယသမ္မတ မာရီယာလီယိုနာရော်ဘရီဒိုအား မဲရေတွက်မှု ၈၃.၁ ရာခိုင်နှုန်းပြီးချိန်တွင် တရားဝင်အတည်မပြုရသေးသော ရလဒ်များအရ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ(CPC) အနေဖြင့် လူငယ်လူရွယ်များအတွက် အမြဲတံခါးဖွင့်ပေးထားကြောင်း နှင့် ပါတီ၏ သွေးသစ်လောင်းမှုအတွက် ၎င်းလူငယ်များအား နွေးထွေးစွာ လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ယနေ့ မေ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ နောက်ဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့သောရွေးကောက်ပွဲ ၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲ စနစ်သစ်ပုံစံဖြင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် HKSAR အထူးအုပ်ချုပ်ခွင့်ရဒေသအတွက် တရုတ်အစိုးရ၏ မူဝါဒအပေါ် သွားပုပ်လေလွင့် စွပ်စွဲနေသည့် အရေအတွက်အနည်းငယ်မျှသော အနောက်နိုင်ငံ၏ လုပ်ရပ်များကို တရုတ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ ၉ ရက်တွင်...
ကိုလံဘို ၊ မေ ၁၀ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa က မြို့တော် ကိုလံဘိုမြို့၌ ၎င်းအား ထောက်ခံသူများ နှင့် အစိုးရဆန့်ကျင်သော ပြည်သူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း မေ ၉ ရက်တွင် ကြေညာခဲ့သည်။