Connect with us

Videos

ကုလသမဂ္ဂက အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက် ချမှတ်ပြီးသော်လည်း ဂါဇာဒေသတွင် အစ္စရေးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား

ဂါဇာ၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေညီလာခံက ဂါဇာဒေသတွင် ချက်ချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသည့် ဆုံးဖြတ်ချက်အား ချမှတ်ထားပြီး ဖြစ်သော်လည်း ဒီဇင်ဘာ ၁၃ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးစစ်တပ်က အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးတို့အား ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၁၀ ဦးအပါအဝင် ပါလက်စတိုင်း ၄၀ ကျော် သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို Khan Younis မြို့ရှိ Nasser ဆေးရုံသို့ ဒီဇင်ဘာ ၁၃ ရက်တွင် ရွှေ့ပြောင်းခဲ့ကြောင်း ၊ ဂါဇာဒေသအလယ်ပိုင်းတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၂၀ ဝန်းကျင် သေဆုံးခဲ့ကြောင်းနှင့် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတွင် အစ္စရေးတိုက်ခိုက်မှုများကြောင့် ၁၅ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းဆေးဘက်ဆိုင်ရာအရင်းအမြစ်များထံမှ သိရသည်။ (Xinhua)
——————————-

Israeli attacks on Gaza continue after UN adopts ceasefire resolution
The Israeli army on Wednesday continued its intense airstrikes and ground attacks on the Gaza Strip despite that the UN General Assembly adopted a resolution demanding an “immediate humanitarian ceasefire” in Gaza a day earlier.
According to Palestinian medical sources, the bodies of more than 40 Palestinians who were killed in Israeli airstrikes, including 10 children, were transferred to Nasser Hospital in Khan Younis on Wednesday; around 20 people died in Israeli airstrikes on central Gaza, while another 15 were killed, and dozens wounded in Israeli attacks on the northern Gaza Strip.
Xinhua News Agency correspondents reporting from Gaza.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.