Connect with us

Media

ယူကရိန်းမြို့တော်အား ကြီးမားသောတိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရ

ကိဗ်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်အား ဒီဇင်ဘာ ၁၄ ရက်အစောပိုင်းက ကြီးမားသော ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန် Vitali Klitschko က ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် လူကြီး ၁၈ ဦးနှင့် ကလေးနှစ်ဦးကို ဆေးရုံ၌ ကုသမှု ခံယူလျက်ရှိပြီး ကျန်ရှိသူများမှာမူ အခင်းဖြစ်နေရာတွင် ဆေးကုသမှုများ ခံယူခဲ့ကြကြောင်း ၎င်းက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။
ကိဗ်မြို့အရှေ့ပိုင်း Dniprovskyi ခရိုင်နှင့် အရှေ့တောင်ပိုင်း Darnytskyi ခရိုင်တို့တွင် လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးဆေးရုံ ၊ လူနေအဆောက်အဦ ၊ ကိုယ်ပိုင်အိမ်များနှင့် မော်တော်ကားများ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Over 50 injured in major attack on Ukrainian capital
At least 53 people were injured in a major Russian missile attack on the Ukrainian capital early Wednesday, Mayor Vitali Klitschko said.
Eighteen adults and two children were hospitalized, while the rest received medical treatment on the site, Klitschko said on Telegram.
A children’s hospital, an apartment building, private houses and cars were damaged by the airstrike in eastern Dniprovskyi and southeastern Darnytskyi districts, Klitschko said.
Xinhua News Agency correspondents reporting from Kiev.(XHTV)