ဟူစတန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝေးလံခေါင်သီသော တက္ကဆက်ပြည်နယ် တောင်ပိုင်း အဝေးပြေးလမ်းပေါ်တွင် ဩဂုတ် ၄ ရက်က ဝန်ပိုတင်ဆောင်၍ အရှိန်လွန်မောင်းနှင်လာသည့် ဗန်ကား တိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်းအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်း၌ ဒီဇိုင်းထုတ်လုပ်ပြီး တည်ဆောက်ထားသော လေယာဉ်တင်သင်္ဘော Vikrant အား နိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ် ကိုချီကမ်းရိုးတန်း၌ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု စတင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မက်ထရစ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) လာလီဂါရာသီသစ် စတင်မည့် ဩဂုတ် ၁၄ ရက် အားလပ်ရက်တွင် ပရိသတ်များကို ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Carolina Darias က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဒိုဟာ ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအောက်တွင် ဒုက္ခသည်ခိုလှုံခွင့်ပယ်ဖျက်အမိန့်တစ်ခုကို သက်တမ်းတိုးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ ““မှားယွင်းမှု ၊ ရှက်စရာဖြစ်မှု” ဟုအမေရိကန်နိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းများ နှင့် ကျွမ်းကျင်သူများ အုပ်စုတစ်ခု ပြစ်တင်ဝေဖန်လိုက်ကြောင်း မကြာသေးခင်က Al Jazeera သတင်းဌာန၏ ဖော်ပြချက်အရ...
ဒူဘိုင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးကို အသက် ၃ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးများအတွက် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ဩဂုတ် ၄ ရက်တွင် သန်း ၂၀၀ ကျော်လွန်သွားပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။
ဘန်ဒါဆာရီဘီဂါဝန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) COVID-19 ကာကွယ်ဆေးများကို အားလုံးရရှိစေရေး နှင့် လက်လှမ်းမီစေရေးအတွက် ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် လုပ်ဆောင်သွားကြရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဩဂုတ် ၂ ရက်တွင် တောင်းဆိုခဲ့ကြသည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသတင်းများ၏ ဩဂုတ် ၄ ရက် ဖော်ပြချက်အရ သိရသည်။
ဘေရွတ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဆန္ဒပြချီတက်သူများ နှင့် ရဲတပ်ဖွဲအကြားဝင်များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ရာ လူပေါင်း ၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအသင်းက ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Elnashra အင်တာနက် ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။
ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။