Connect with us

မြန်မာ-ENG

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံ သမ္မတ Vo Van Thuong တို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ နိုင်ငံတော်အလည်အပတ်ခရီးစဉ် သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာ ၇ ရက်၌ ပြောကြားခဲ့သည်။

ရှီသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Nguyen Phu Trong နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ Vo Van Thuong တို့၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ကြောင်း ဟွာက ဆိုသည်။
ယခင်နှစ်က ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံပြီးနောက် ရှီက Trong အား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နောက်ထပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော ဝမ်ဝန်ပင်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပူးတွဲရေးဆွဲခဲ့ကြောင်း၊ ယခုနှစ်တွင် အစိုးရဌာနများနှင့် ဒေသများကြား အဆင့်မြင့်ဆက်ဆံမှုများ၊ ရင်းနှီးသော ကူးလူးဖလှယ်မှုများ မကြာခဏပြုလုပ်ခဲ့ပြီး နယ်ပယ်စုံတွင် နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ရာ နှစ်နိုင်ငံ ပြည်သူများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း ဝမ်က ဆိုသည်။
ဗီယက်နမ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖိန်သည် အထွေထွေအတွင်းရေးမှူးချုပ် Nguyen Phu Trong ၊ ဗီယက်နမ် သမ္မတ Vo Van Thuong တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဗီယက်နမ် ဝန်ကြီးချုပ် Pham Minh Chinh နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဝမ်၏ ပြောကြားချက်အရ သိရသည်။

နှစ်နိုင်ငံအနေဖြင့် တရုတ်-ဗီယက်နမ် ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ လုံခြုံရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၊ အများပြည်သူပံ့ပိုးကူညီမှု၊ နိုင်ငံစုံရေးရာများနှင့် ရေကြောင်းကိစ္စရပ်များ အပါအဝင် အဓိကနယ်ပယ် ၆ ခုကို အာရုံစိုက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်း ခိုင်မာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi to pay state visit to Vietnam
BEIJING, Dec. 7 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee and Chinese president, will pay a state visit to Vietnam from Dec. 12 to 13, foreign ministry spokesperson Hua Chunying announced on Thursday.
Xi’s visit is at the invitation of General Secretary of the Communist Party of Vietnam Central Committee Nguyen Phu Trong and State President of the Socialist Republic of Vietnam Vo Van Thuong, Hua said.
Wang Wenbin, another foreign ministry spokesperson, said at a daily press briefing that after the 20th CPC National Congress last year, Xi invited Trong for a visit to China.
The two leaders jointly charted the course for the China-Vietnam comprehensive strategic cooperative partnership, Wang said, noting that this year has seen frequent high-level interactions, close exchanges between various departments and regions, and deeper cooperation in various fields, which have brought tangible benefits to the two peoples.
During the visit, General Secretary and President Xi Jinping will hold talks respectively with General Secretary Nguyen Phu Trong and State President Vo Van Thuong, and meet with Prime Minister Pham Minh Chinh of Vietnam and Chairman of the National Assembly Vuong Dinh Hue, according to Wang.
The two sides will discuss upgrading the China-Vietnam relations, focus on six major areas including politics, security, practical cooperation, public support, multilateral affairs and maritime issues, and work to deepen and substantiate the comprehensive strategic cooperation between the two countries, the spokesperson said.

Photo: Chinese President Xi Jinping meets with Vietnamese President Vo Van Thuong, who is in Beijing for the third Belt and Road Forum for International Cooperation, at the Great Hall of the People in Beijing, capital of China, Oct. 20, 2023. (Xinhua/Zhai Jianlan)