News
ယူကရိန်းနိုင်ငံ နယ်မြေပိုင်နက် လိုက်လျောမှု ကိစ္စရပ်နှင့် ပတ်သက်သော အဆိုပြုချက် အမေရိကန်ထံ ပေးပို့ခဲ့ကြောင်း ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဆို
ဘာလင်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Friedrich Merz က ၎င်းသည် ဥရောပခေါင်းဆောင်များစွာနှင့်အတူ ယူကရိန်းနိုင်ငံက ၎င်း၏ နယ်မြေပိုင်နက်တွင် လိုက်လျောမှုများလုပ်ဆောင်ရန် ပြင်ဆင်နေသည့် အကြောင်းအရာများနှင့် ပတ်သက်သော အဆိုပြုချက်တစ်စောင်ကို အမေရိကန်သမ္မတ ထရမ့်ထံ ပေးပို့ခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။ဤအဆိုပြုချက်သည် ၎င်းက ပြင်သစ်သမ္မတ မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာတို့နှင့် ဒီဇင်ဘာ ၁၀ ရက်တွင် ထရမ့်ကို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြီးနောက် အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု Merz က အဆိုပါနေ့တွင် ခရီးစဉ်ရောက်ရှိနေသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နှင့်အတူ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
Merz က ၎င်းနှင့် အခြားဥရောပခေါင်းဆောင်များသည် (နယ်မြေပိုင်နက်ကိစ္စရပ်တွင် လိုက်လျောမှုရန်) ဤကိစ္စကို ယူကရိန်းသမ္မတနှင့် ယူကရိန်းပြည်သူများကသာ အဖြေပေးရမည်ဟု ထရမ့်အား ရှင်းလင်းစွာ ပြောကြားခဲ့ကြောင်း ဆိုသည်။
စီစဉ်ထားသော လုပ်ငန်းစဉ်အရ ယခုသီတင်းပတ်အကုန်တွင် ဥရောပနှင့် အမေရိကန်ကိုယ်စားလှယ်တို့ အစည်းအဝေးကျင်းပသွားမည်ဖြစ်ပြီး လာမည့်သီတင်းပတ်အစောပိုင်းတွင် ဘာလင်မြို့၌ အစည်းအဝေး ကျင်းပနိုင်ခြေရှိကြောင်း Merz က ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုမှ ရရှိသော ဖြေရှင်းရေးနည်းလမ်းသည် ဥရောပ၏ လုံခြုံရေး အကျိုးစီးပွားကို မဖြစ်မနေ အာမခံရမည်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် NATO ၏ စည်းလုံးညီညွတ်မှုကို စတေးခံခြင်း လုံးဝမဖြစ်ရဟူ၍လည်း ၎င်းက ပြောကြားခဲ့သည်။
သက်ဆိုင်ရာတိုးတက်မှုကို တွန်းအားပေး ဆောင်ရွက်ရန်အတွက် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီ သုံးနိုင်ငံမှ ခေါင်းဆောင်များသည် ထိုနေ့တွင် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ထရမ့်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း ပြင်သစ်သမ္မတအိမ်တော်၏ ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)
……………………
(Chinese Version)
德总理:已向美发出涉及乌领土让步问题的提案
新华社柏林12月11日电(记者张毅荣 李超)德国总理默茨11日表示,他与欧洲多国领导人共同向美国总统特朗普发出一份提案,内容涉及乌克兰准备做出的领土让步。
默茨当天与到访的北约秘书长吕特共同会见记者时说,这一提案是他与法国总统马克龙、英国首相斯塔默10日与特朗普通话后发出的。
默茨说,他与其他欧洲国家领导人已向特朗普阐明,(在领土问题上让步)这一问题须由乌克兰总统和乌克兰人民来回答。
默茨表示,按照设想的进程,本周末欧方将与美方代表举行会谈,下周初可能会在柏林举行会议。他还说,谈判达成的解决方案必须保障欧洲的安全利益,绝不能以牺牲欧盟和北约的团结为代价。
据法国总统府10日消息,法英德三国领导人当天与特朗普就乌克兰危机通话,以寻求推动相关进展。(完)
图说:12月8日,在英国伦敦唐宁街10号首相府,英国首相斯塔默(左二)、法国总统马克龙(右一)、德国总理默茨(左一)与乌克兰总统泽连斯基举行会谈。新华社发(英国首相府供图)
