Connect with us

Politics & Security

ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်နိုင်ငံ၏ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ပေးရမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့ဘက်ဂိတ်ကို ၂၀၁၈ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံသည် ၎င်း၏ သဘာဝအရင်းအမြစ်များနှင့် ၎င်း၏ပိုင်နက်နယ်မြေအတွင်းရှိ စီးပွားရေးလုပ်ဆောင်မှုအားလုံးအပေါ် အပြည့်အဝနှင့် အမြဲတမ်း အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများ အပါအဝင် ဗင်နီဇွဲလားနိုင်ငံရှိ အခြားနိုင်ငံများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရမည်ဟု မော်က အလေးပေးပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စစ်ဆင်ရေးနှင့် ဗင်နီဇွဲလားပိုင်ရေနံအရင်းအမြစ်များအား ကိုင်တွယ်ဖြေရှင်းရာ၌ အမေရိကန်၏ “အမေရိက ဦးစားပေး” ဟူသော တောင်းဆိုမှုကို တရုတ်နိုင်ငံအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန်၏ ပုံမှန်အနိုင်ကျင့်မှုလုပ်ရပ်ဖြစ်သည့် ယင်းလုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ပြင်းထန်စွာချိုးဖောက်ပြီး ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာကို ထိပါးကာ ဗင်နီဇွဲလားပြည်သူများ၏ အခွင့်အရေးများကို ထိခိုက်စေသည်ဟု ၎င်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China’s legitimate interests in Venezuela must be protected: FM spokesperson
BEIJING, Jan. 7 (Xinhua) — Venezuela is a sovereign state that possesses full and permanent sovereignty over its natural resources and all economic activities within its territory, Chinese foreign ministry spokesperson Mao Ning said on Wednesday.
The legitimate rights and interests of other countries in Venezuela, including those of China, must be protected, Mao stressed.
The spokesperson said China strongly condemns the United States’ military operation against Venezuela and the U.S. demand of “America First” when it comes to Venezuela’s dealing with its own oil resources.
The U.S. move, a typical act of bullying, seriously violates international law, infringes upon Venezuela’s sovereignty, and undermines the rights of the Venezuelan people, she said at a regular news briefing. ■
English Caption
Front gate of the Ministry of Foreign Affairs of China in Beijing, March 13, 2018. (Xinhua/Jin Liangkuai)