Connect with us

China

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က G20 အစည်းအဝေးအတွင်း လက်တွေ့ကျပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများ တွန်းအားပေးရန် ကတိပြု

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ်အတွင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ ဇူလိုင် ၇ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ဘာလီ ၊ အင်ဒိုနီးရှား ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် G20 အဖွဲ့၏ မူဘောင်အတွင်း ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိကာ လက်တွေ့ကျပြီး အပြုသဘောဆောင်သော တုံ့ပြန်မှုများနှင့် ဆွေးနွေးမှုများအတွက် တွန်းအားပေးရန် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။

G20 အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် G20 အစည်းအဝေးအား လက်ခံကျင်းပရာတွင် အင်ဒိုနီးရှားနိုင်ငံကို အခိုင်အမာထောက်ခံကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအား G20 အတွင်း နိုင်ငံတကာရေးရာများအား ကိုင်တွယ်ရာတွင် ဓမ္မဓိဋ္ဌာန်ကျသော ရပ်တည်ချက်နှင့် သာတူညီမျှ လွတ်လပ်သောအချုပ်အခြာအာဏာ စည်းမျဉ်းကို ထိန်းသိမ်းခြင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ပုံမှန်ဆက်ဆံရေးအား ထိန်းသိမ်းခြင်းနှင့်
စည်းလုံးညီညွတ်မှုအား ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည်တို့အတွက် အသိအမှတ်ပြုကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ထွန်းသစ်စနိုင်ငံများက ကြားသိခဲ့ရသောအသံများကို ဖော်ဆောင်ရန်နှင့် စစ်အေးခေတ်စိတ်နေသဘောထား နှင့် အုပ်စုများ ထိပ်တိုက်တွေ့ခြင်းကို ဆန့်ကျင် ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် G20 အတွင်း တရုတ်နိုင်ငံ၏ အရေးပါသောအခန်းကဏ္ဍအတွက် အရေးအကြီးဆုံးအဖြစ် မှတ်ယူပါကြောင်း ၊ နိုင်ငံများအားလုံးအနေဖြင့် စည်းလုံးညီညွတ်မှုကို ပြသရန်၊ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ထူထောင်ရန်နှင့် ကြောက်မက်ဖွယ်စိန်ခေါ်မှုများအား ပူးတွဲရင်ဆိုင်ဖြေရှင်းရန် အင်ဒိုနီးရှားက တိုက်တွန်းကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များတွင် အပြုသဘောဆောင်သောအရှိန်အဟုန် မြင့်မားမှုအား ချီးကျူးပြောကြားလျက် နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့်ဖလှယ်မှုများအတွက် ပြင်ဆင်မှုများ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွင်းသို့ တွန်းအားကောင်းများ ဖြည့်တင်းနိုင်မည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက အလေးပေးပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံးက တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏ ပထမနှစ်အား
တရုတ်-အာဆီယံဆက်ဆံရေး တည်ငြိမ်မှု ၊ ကာလကြာရှည် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် အခွင့်အလမ်းအဖြစ် သတ်မှတ်ရန် သဘောတူခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံဗဟိုပြုမှု နှင့် အာဆီယံနှင့်အတူ ထိရောက်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်သည် အဓိကအချက်အချာ ဖြစ်သည်ကို အခိုင်အမာ ထောက်ခံကြောင်း ဝမ်က ဝမ်ရိကအလေးအနက် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကံကြမ္မာအကျိုးတူ ပိုမိုရင်းနှီးသောအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် အသင့်ရှိကြောင်း၊ ဒေသတွင်း စစ်အေးခေတ်သဘောထား နှင့် အုပ်စုဖွဲ့နိုင်ငံရေး တစ်ကျော့ပြန်ဖြစ်ပွားမှုမှန်သမျှအား ဆန့်ကျင်ရန် နှင့် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ပူးပေါင်းကာကွယ်ရန် အာဆီယံနှင့်အတူ လုပ်ဆောင်ရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးသည် တရုတ်-အမေရိကန် ဆက်ဆံ‌ရေး ၊ ရုရှား-ယူကရိန်း ပဋိပက္ခ နှင့် အခြားကိစ္စရပ်များအပေါ်တွင် အမြင်များ ဖလှယ်ခဲ့ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအား တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ဝမ်ရိသည် မြန်မာနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ ဖိလစ်ပိုင်နိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် မလေးရှားနိုင်ငံများသို့ အာရှခရီးစဉ်အဖြစ် သွားရောက်နေကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
China, Indonesia vow to push for pragmatic, constructive dialogues within G20
Source: Xinhua Editor: huaxia 2022-07-08 09:08:16
China is ready to join hands with Indonesia to make the voices of developing countries and emerging economies heard, and oppose the Cold War mentality and the confrontation of camps, Chinese State Councilor and Foreign Minister Wang Yi said.
BALI, Indonesia, July 8 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi said here on Thursday that China is willing to work with Indonesia to push for rational, pragmatic and constructive interactions and dialogues within the framework of the Group of 20 (G20).
At a meeting with Indonesian Foreign Minister Retno Marsudi, whose country holds the rotating G20 presidency, Wang said China firmly supports Indonesia in hosting the G20 meetings this year.
China appreciates Indonesia for upholding an objective position and the principle of equal sovereignty in dealing with international affairs, maintaining normal communication of the international community and safeguarding solidarity within the G20, he said.
China is ready to join hands with Indonesia to make the voices of developing countries and emerging economies heard, and oppose the Cold War mentality and the confrontation of camps, Wang added.
For her part, Retno said Indonesia attaches utmost importance to the significant role of China in the G20. Indonesia is urging all sides to show solidarity, focus on post-pandemic economic recovery and jointly meet daunting challenges, she said.
Speaking highly of the positive momentum in the development of bilateral ties and the results of their practical cooperation, the two sides stressed the need to jointly make preparations for high-level exchanges, so as to inject strong impetus into the development of the China-Indonesia relations.
Both sides agreed to take the first year of the China-ASEAN comprehensive strategic partnership as an opportunity to promote the steady and long-term development of the China-ASEAN relations.
Wang stressed that China firmly supports the ASEAN centrality and the effective regional cooperation framework with ASEAN at its core. China stands ready to work with ASEAN to build a closer community with a shared future, oppose any resurgence of the Cold War mentality and bloc politics in the region, and jointly safeguard regional peace and stability.
The two sides also exchanged views on the China-U.S. relations, the Russia-Ukraine conflict and other issues.
Wang is here to attend the G20 foreign ministers’ meeting on Thursday and Friday. He is on an Asia tour, which takes him to Myanmar, Thailand, the Philippines, Indonesia and Malaysia. ■
Photo – Chinese State Councilor and Foreign Minister Wang Yi meets with Indonesian Foreign Minister Retno Marsudi on the sidelines of the Group of 20 (G20) foreign ministers’ meeting in Bali, Indonesia, July 7, 2022. (Xinhua/Xu Qin)