Connect with us

Politics & Security

ဘန်ကောက်မြို့နှင့်အနီး ပတ်ဝန်းကျင်၌ အာဆီယံ ထိပ်သီး အစည်းအဝေး အတွက် လုံခြုံရေး အစီအမံများ အရှိန်မြှင့်

ထိုင်းနိုင်ငံ၌ ၂၀၁၇ ခုနှစ် အတွင်း ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝီဝန်ဆူဝမ်(Prawit Wongsuwan)က ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် လုံခြုံရေး အစီအမံများနှင့် စပ်လျဉ်း၍ လုံခြုံရေး အေဂျင်စီများမှာ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အပေါ် အာရုံ စိုက်ကာ ယခုအခါတွင် အမြင့်ဆုံး တပ်လှန့်ထားကြောင်း ပြောကြားခဲ့သည်။ 

၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း(ASEAN)တွင် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

“လာမယ့် ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်လာကြမည့် ဧည့်သည်တော်တွေ အတွက် ကျွန်တော်တို့ ပြည်သူတွေဟာ ဧည့်ဝတ်ကျေပွန်မှုကို ပြဖို့ ကျွန်တော် အနေနဲ့ ပြောချင်ပါတယ်။”ဟု ထိုင်း နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝီဝန်ဆူဝမ်က ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ အစိုးရ အနေဖြင့် ဘန်ကောက် မြို့နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားမှု မရှိစေရေး အတွက် နိုဝင်ဘာ ၄ ရက် နှင့် ၅ ရက်တို့ကို အများပြည်သူ အားလပ်ရက် အဖြစ် ကြေညာထားကြောင်း သိရသည်။ 

တော်ဝင် ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Suwat Chaengyodsuk က ကိုယ်စားလှယ်များ၏ မော်တော်ယာဉ်တန်းများ လွယ်ကူချောမောစွာ သွားလာနိုင်ရေး အတွက် အချို့ လမ်းကြောင်းများကို ပိတ်ထားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များမှ အင်အား ၁,၇၀၀ ခန့်သည် ဘန်ကောက်မြို့၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရာ နေရာများ ၊ ဧည့်သည်တော်များ တည်းခိုမည့် ဟိုတယ်များ ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများတွင် စောင့်ကြပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

လာမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသည် ယခုနှစ်တွင် ထိုင်းနိုင်ငံမှ ဉက္ကဋ္ဌ အဖြစ် တာဝန်ယူမှုအောက်တွင် ကျင်းပသော အရေးကြီးဆုံး အာဆီယံ အစည်းအဝေး ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာဝီဝန်ဆူဝမ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ဧည့်ပရိသတ် ၃,၀၀၀ ခန့် တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.