Connect with us

China

အာရှ၏ အကြီးဆုံး မဂ္ဂနိစ် သတ္တုရိုင်းများအား တရုတ်၌ တွေ့ရှိ

ပုံစာ-တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကွေ့ယန်ပြည်နယ်အားတွေ့ရစဉ် (ဓာတ်ပုံ- wikipedia)

ကွေ့ယန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အာရှတွင် အကြီးဆုံးသတ္တုသိုက် ဟု ယူဆရသည့် မဂ္ဂနိစ် သတ္တုရိုင်း တန်ချိန် သန်းပေါင်း ၁၉၂ တန်ကျော်ရှိရာ နေရာတစ်ခု အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ယန်ပြည်နယ် တွင်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၂ရက်နေ့က ကြေညာခဲ့သည်။

အဆိုပါ မဂ္ဂနိစ် သတ္တုရိုင်း များကို စွန်းထောင်းမြောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နှင့် ကျန်းခို စီရင်စု ကြားရှိ တောင်များ အတွင်း ကွေ့ယန် ပြည်နယ်ဆိုင်ရာ ဘူမိဗေဒ နှင့် သတ္တုတွင်း ရှာဖွေတူဖော်ရေး ဗျူရို လက်အောက်ရှိ အမှတ်(၂၃) ဘူမိဗေဒအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း စွန်းထောင်းမြောင် အစိုးရ၏ ပြောကြားချက်အရ သိရသည်။

ယင်းမိုင်းတွင်းသည် တရုတ်နိုင်ငံအတွင်း ဖွံ့ဖြိုးမှု အနည်းဆုံးဖြစ်သည့် ကွေ့ယန် ပြည်နယ်အတွင်း ဆင်းရဲမှု လျှော့ချနိုင်ရန် ကူညီပေးနိုင်မည့် ဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

မဂ္ဂနိစ် အား သတ္တုစပ်များ ပြုလုပ်ရန် အထူးသဖြင့် သံမဏိပြုလုပ်ရန် အဓိက အသုံးပြုကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.