Connect with us

China

ယွမ်ငွေကို SDR basket ထဲသို့ ထည့်သွင်းရေး နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ ခွင့်ပြု

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ ၏ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်စတင်း လာဂါဒီ အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသုံး ငွေကြေး ယွမ်အား နိုင်ငံတကာ အရန်ငွေကြေး အဖြစ် SDR (Special Drawing Rights) basket အတွင်းသို့ ထည့်သွင်းရေး အတွက် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ (International Monetary Fund= IMF) အမှုဆောင်အဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။

အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၈ နိုင်ငံအား ကိုယ်စားပြုသည့် IMF ဘုတ်အဖွဲ့သည် ရှိနှင့်ပြီးသော စံနှုန်းများ နှင့် ယွမ်ငွေကြေး အတူတကွ ရှိစေရန် ဆုံးဖြတ်ခဲ့ကြောင်း SDR basket ပုံမှန် ငါးနှစ်တာ ပြန်လည် သုံးသပ်ပြီး နောက် ထုတ်ပြန်သည့် ကြေညာချက်တွင် IMF က ပြောကြားလိုက်သည်။

ယင်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် သက်ရောက်မည် ဖြစ်ပြီး ယွမ်ငွေသည် SDR basket အတွင်းသို့ ရောက်ရှိနေသည့် အမေရိကန် ဒေါ်လာ၊ ယူရို၊ ဂျပန် ယန်းနှင့် ဗြိတိန် ပေါင် စသည်တို့ ပြီးနောက် ငါးခုမြောက် ငွေကြေးလည်း ဖြစ်သည်။

IMF ၏ ဦးဆောင် ညွှန်ကြားရေးမှူး ခရစ္စတင်း လာဂါ့ (Christine Lagarde) က ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံ စီးပွားရေးအား ကမ္ဘာ့ ငွေကြေး စနစ် အတွင်းသို့ ပေါင်းစည်းရေးတွင် အရေး ပါသည့် မှတ်တိုင် ဖြစ်ကြောင်းနှင့် လွန်ခဲ့သည့် နှစ်များ အတွင်း တရုတ်နိုင်ငံ၏ ငွေကြေးနှင့် ငွေကြေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများအား ပြုပြင် ပြောင်းလဲခြင်း လုပ်ငန်းစဉ် အပေါ် အသိအမှတ် ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

SDR basket အသစ်တွင် ယွမ်ငွေသည် ပမာဏ ၁၀.၉၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး အမေရိကန် ဒေါ်လာက ၄၁.၇၃ ရာခိုင်နှုန်း၊ ယူရိုငွေက ၃၀.၉၃ ရာခိုင်နှုန်း၊ ဂျပန်ယန်းက ၈.၃၃ ရာခိုင်နှုန်းနှင့် ဗြိတိန် ပေါင်က ၈.၀၉ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း IMF စာရင်း အရ သိရသည်။

SDR အား နိုင်ငံတကာ အရန်ပစ္စည်း အဖြစ် IMF က ၁၉၆၉ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ တရားဝင် အရန်ငွေ ထောက်ပံ့ ပေးနိုင်ရန် အတွက် စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

SDR basket အား IMF က ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ခဲ့ပြီး ယခုနှစ်အတွက် ယွမ်ငွေကြေး ထည့်သွင်းခြင်းအား အဓိက ကိစ္စရပ် အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တူရကီနိုင်ငံ အန်တယ်လ်ရာတွင် ပြုလုပ်သည့် G20 ထိပ်သီး အစည်းအဝေးတွင် တရုတ် သမ္မတ ရှီကျင့်ဖိန်က ယွမ်ငွေကြေးအား ထည့်သွင်းခြင်းဖြင့် SDR အား အများက စိတ်ဝင်စားလာစေရန် ဆွဲဆောင်ပေးနိုင်မည် ဖြစ်ပြီး နိုင်ငံတကာ ငွေကြေးစနစ်အား တိုးတက်လာစေရန်နှင့် ကမ္ဘာ့ငွေကြေး တည်ငြိမ်စေရေး အတွက် စိတ်ချစေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.