Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်း၌ အကြီးဆုံး ကျောက်မီးသွေးတွင်း တွေ့ရှိကြောင်း အတည်ပြု

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ အကြီးဆုံး ကျောက်မီးသွေးတွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဘူမိဗေဒ လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ အန်းဟွေး ပြည်နယ် ၌ မိုင်းတွင်း တစ်တွင်းတွင် ကျောက်မီးသွေး တန်ချိန် ၅ ဘီလီယံ နီးပါး အနယ်ကျ တည်ရှိ နေခြင်းကို ရှာဖွေ အတည်ပြုနိုင်ခဲ့ပြီး ၎င်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း၌ အကြီးဆုံး ကျောက်မီးသွေးတွင်း ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

နည်းပညာ အသစ်များကို အသုံးပြု၍ ဘူမိဗေဒ ပညာရှင်များသည် ဖန်းကျီ ကျောက်မီးသွေးတွင်း၌ Bituminous ကျောက်မီးသွေး တန်ချိန် ၂.၅၇ ဘီလီယံ နှင့် ကျောက်မီးသွေး ဓါတ်ငွေ့ တန် ၂.၂၂ ဘီလီယံ၊ စုစုပေါင်း တန်ချိန် ၄.၇၉ ဘီလီယံ အား ရှာဖွေ အတည်ပြု နိုင်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ မြေယာနှင့် သယံဇာတ အရင်းအမြစ်များ ဋ္ဌာန၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ရှာဖွေတွေ့ရှိမှုသည် ကျောက်မီးသွေး ထုတ်လုပ်မှု ကျဆင်းသွားခြင်းမှ ရှောင်လွှဲ နိုင်စေခဲ့ပြီး ၎င်း မိုင်းတွင်း အား ၁၉၈၀ ပြည့်နှစ်များမှ စ၍ တူးဖော်ခဲ့ကြောင်း နှင့် ဟွမ်းနန် ကျောက်မီးသွေး တူးဖော်သည့် ဒေသ ၌ တည်ရှိကြောင်း သိရသည်။

နိုင်ငံတော်အဆင့် ကျောက်မီးသွေး ထုတ်လုပ်မှု အရင်းအမြစ် ဖြစ်သည့် ဟွမ်းနန် ကျောက်မီးသွေး ဒေသ မှ ၂၀၁၅ ခုနှစ် မေလ အထိ ၎င်း၏ စုစုပေါင်း ကျောက်မီးသွေး တန်ချိန် ၁၈.၉ ဘီလီယံမှ တန်ချိန် ၁၄ ဘီလီယံအား တူးဖော် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)