Connect with us

Local

လုပ်ခလစာ အနည်းဆုံး ကျပ် ၄,၀၀၀ ရရှိရေး အလုပ်သမား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်

လှိုင်သာယာ စက်မှုဇုန်မှ အလုပ်သမားများ အနည်းဆုံး လုပ်ခလစာ ကျပ် ၄,၀၀၀ ရရှိရေး ဆန္ဒပြနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းရှိ အခြေခံအလုပ်သမားများ တစ်နေ့လျှင် လုပ်ခလစာ အနည်းဆုံး ကျပ် ၄,၀၀၀ ရရှိရေးအတွက် ယနေ့ အလုပ်သမား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့သည်။

လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ စက်ရုံ ၁၅ ရုံမှ အလုပ်သမား ၃၀၀ ကျော်သည် ယနေ့ နံနက် ၉ နာရီတွင် လှိုင်သာယာ မီးခွက်ဈေး အောက်ထိပ် မှတ်တိုင်မှ မြို့နယ် အားကစားကွင်း အထိ ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ပြီး လုပ်ခလစာ တစ်နေ့လျှင် ကျပ် ၄၀၀၀ ရရှိရေး ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် အလုပ်သမား တစ်ဦးက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေနှင့် ပတ်သက်၍ အထည်ချုပ် လုပ်ငန်း ရှင်များ အသင်းချုပ် လက်အောက် ရှိ လုပ်ငန်းရှင် ၁၇၇ ဦးက တစ်ရက်လုပ်ခ ၃,၆၀၀ ကျပ်ပေးရန် အခက်အခဲရှိကြောင်း တင်ပြနေချိန်တွင် အလုပ်သမားများ ဘက်မှလည်း တစ်နေ့လျှင် လုပ်ခလစာ ကျပ် ၄,၀၀၀ ရရှိရေး ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

တစ်ရက် အနိမ့်ဆုံး လုပ်ခလစာ ၃,၆၀၀ ကျပ် နှင့်ပတ်သက်၍ ဝန်ကြီးဌာန တစ်ခုတည်း ဖြေရှင်း၍ မဖြစ်နိုင်ဘဲ နိုင်ငံတော် အစိုးရအဆင့်က ပါဝင် ဖြေရှင်းပေးရန် လိုအပ်နေသည်ဟု ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များက တောင်းဆိုထားသည်။

အခြေခံ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ကျပ် ၃,၆၀၀ တရားဝင် သတ်မှတ် လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.