Connect with us

Local

ဗဟိုဖွင့်ဈေး တစ်ဒေါ်လာ ကျပ်၁၂၀၀ ဖြင့် ယနေ့ စတင်ဈေးဖွင့်

အမေရိကန် ဒေါ်လာများအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဇူလိုင်၁၃ရက်(ဆင်ဟွာ)

ယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယခင် တစ်ဒေါ်လာကို ၁၁၂၅ ဖြင့် ဈေးဖွင့်ရာမှာ ယနေ့တွင် တစ်ဒေါ်လာကို ကျပ် ၁၂၀၀ ဖြင့် ဈေးမြှင့်၍ ဖွင့်လိုက်ကြောင်း ဗဟိုဘဏ်၏ ဝက်ဆိုက်တွင်ဖော်ပြထားသည်

။ဒေါ်လာဈေးကွက်ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “သောကြာနေ့ကအထိ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၁၂၅ ကျပ်နဲ့ပဲ ဈေးဖွင့်ခဲ့တယ်။ ဒီနေ့မှာ သူက ပြင်ပပေါက်ဈေးနဲ့ မတိမ်းမယိမ်းဈေးဖွင့်ခဲ့တာ ဖြစ်တယ်။ ဗဟိုဘဏ်က အခုလို တစ်ဒေါ်လာ ၁၂၀၀ ကျပ် သတ်မှတ်လိုက်တော့ ကြမ်းခင်းဈေးလို ဖြစ်သွားတော့ ဝယ်လိုအားရောင်းလိုအားပေါ်မူတည်ပြီး ၁၂၀၀ အထက် မှာလည်း ဈေးက အတည်ဖြစ်သွားနိုင်တယ်’’ ဟုပြောသည်။

ယနေ့ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာကို ၁၂၁၅ ကျပ်ပေါက်ပြီး၊ ပို့ကုန်ဝင်ငွေ ကတစ်ယူနစ်ကို ၁၂၀၈ ကျပ်ဖြင့်ဈေးဖွင့်သည်။ ယနေ့တွင် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၁၆၀ ဒေါ်လာ ရှိပြီး၊ မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၄၉,၀၀၀ ပေါက်ဈေးရှိပါတယ်။

မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှုး ဦးရဲမင်းအောင်က “ ဗဟိုဘဏ်အခုဖွင့်လိုက်တဲ့ ဈေးက ပြင်ပပေါက်ဈေးနဲ့ နီးစပ်တာကတော့ ကောင်းပါတယ်။ တဖက်မှာကတော့ မြန်မာ့ငွေတန်ဖိုးက ကျဆင်းသွားတယ်ပေါ့။ အဲ့ဒါကိုတော့ ကိုင်တွယ်ဖို့တော့ လိုတာပေါ့။ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ တွေနဲ့သာမက ကုန်သွယ်ရေးမူဝါဒကိုလည်း သေချာကိုင်တွယ်သင့်တယ်လို့ ထင်ပါတယ်။ အင်ပို့များပြီး အိတ်စပို့နည်းနေရင်တော့ ဒီကိစ္စက ဖြစ်နေဦးမှာပါပဲ’’ ဟုပြောသည်။

မြန်မာနိုင်ငံတွင် GDP တိုးတက်နှုန်းက ၈.၇၀ ရာခိုင်နှုန်းရှိပြီး၊ ငွေကြေးဖောင်းပွမှုနှုန်း က ၅.၄၈ ရာခိုင်နှုန်းရှိကြောင်း ဗဟိုဘဏ်မှ တရားဝင်ထုတ်ပြန်ထားသည်။

ငွေဈေးတက်လာတဲ့အချိန် မြန်မာ့ငွေတန်ဖိုးကျဆင်းသည့် အတွက် ကုန်ဈေးနှုန်းတက်နိုင်ခြင်း၊ သုံးစွဲသူတွေ ဝယ်လိုအားကျဆင်းခြင်း၊ စီးပွါးရေး အေးသွားခြင်း စသည့် ကိစ္စရပ်များက တခု နှင့်တခု ချိတ်ဆက်နေသည့် အတွက် အစိုးရ အနေဖြင့် မည်သည့်စီးပွါးရေးကို အဓိက အခြေပြုနေသလဲ၊ မြေဈေး ကျဆင်းအောင်ပြုလုပ်ခြင်း၊ ဘဏ်လုပ်ငန်းဖွံ့ဖြိုးအောင်း ပြုလုပ်ခြင်း၊ အစိုးရ အသုံးစားရိတ်ကို တိတိကျကျ သတ်မှတ်ခြင်း၊ ဝင်ငွေထွက်ငွေ မျှသည့် အစိုးရ ဘတ်ဂျက် ဖြစ်ရန်လိုခြင်း၊ အခွန်ကို ထင်သာမြင်သာရှိအောင် စီမံခန့်ခွဲဖို့ လိုအပ်ခြင်း စသခြင့် အချက်ပေါင်းများစွာဖြင့် ကိုင်တွယ် သင့်ကြောင်း စီးပွါးရေးပညာလေ့လာသူ ဦးသန်းစိုးက ပြောသည်။ (Xinhua)