Connect with us

Politics, Law & Military

အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် ရေးဆွဲ ချုပ်ဆိုကြရန် အသိပေး ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော အလုပ်သမားများ (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီမှ အနည်းဆုံး အခကြေးငွေအား ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ သတ်မှတ် ပေးထားသော အနည်းဆုံး အခကြေးငွေ နှုန်းထားနှင့် အညီ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ လုပ်ငန်း ပိုင်ရှင်များသည် မိမိတို့ခန့်ထားပြီး အလုပ်သမား၊ အသစ်ခန့်မည့် အလုပ်သမားများနှင့် အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ကို ညှိနှိုင်း ချုပ်ဆိုရမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်သည်။

ယခု စက်တင်ဘာလမှ စတင်၍ အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ကို ချုပ်ဆိုရမည် ဖြစ်သည်။ အလုပ်အကိုင်နှင့် ကျွမ်းကျင် ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ အခန်း ၃၊ ပုဒ်မ ၅ က (၁) အရ အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခု လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ် ခန့်ထားမှု ဆိုင်ရာ သဘောတူညီမှု စာချုပ်အား ချုပ်ဆို ပေးရမည် ဖြစ်ကြောင်း ကြေညာချက် ထဲတွင် ပါရှိသည်။

လုပ်ငန်း ပိုင်ရှင်များ အနေဖြင့် အလုပ်သမားများ အား လစာ ထုတ်ပေးရာတွင် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်နှင့် အတူ ပူးတွဲ ဖော်ပြထားသည့် လစာ ထုတ်ပေးမှု မှတ်တမ်း ပုံစံဖြင့် လစာ ထုတ်ပေးရမည် ဖြစ်သည်။

အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ပုံစံနှင့် လစာ ထုတ်ပေးမှု မှတ်တမ်း ပုံစံအား သက်ဆိုင်ရာ အလုပ်သမား ရှာဖွေရေး ရုံးမှ တဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ ဖြန့်ဝေပြီး ဖြစ်ကြောင်း၊ အလုပ်ရှင် နှင့် အလုပ်သမားများသည် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ချုပ် ဆိုခြင်းနှင့် လစာ ထုတ်ပေးခြင်း တို့အား မပျက်မကွက် ဆောင်ရွက်သွားရန်နှင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်နှင့် သက်ဆိုင်မှု မရှိသည့် အလုပ်သမား ၁၅ ဦး နှင့် အောက်ရှိသော လုပ်ငန်းငယ်များ အနေဖြင့်လည်း အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်အား ချုပ်ဆိုရန် လိုအပ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်သည် တစ်ရက်လျင် ကျပ် ၃,၆၀၀ အဖြစ် သတ်မှတ်ထား ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117