Connect with us

Local

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ယူအက်စ်ဒေါ်လာ သန်းခြောက်ထောင် လျာထား

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွင် ကုန်သတ္တာများ အတင်အချ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၆,၀၀၀ သန်း ဝင်ရောက်ရေး လျာထားကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် လျာထားချက် အမေရိကန်ဒေါ်လာ ၁,၀၀၀ သန်း၊ အမှန်ခွင့် ပြုပမာဏ အမေရိကန်ဒေါ်လာ ၃,၄၁၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် လျာထားချက် အမေရိကန်ဒေါ်လာ ၃,၀၀၀ သန်း၊ အမှန် ခွင့်ပြုပမာဏ အမေရိကန်ဒေါ်လာ ၄,၁၀၇ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လျာထားချက် အမေရိကန်ဒေါ်လာ ၄,၀၀၀ သန်း၊ အမှန် ခွင့်ပြုပမာဏ အမေရိကန်ဒေါ်လာ ၈,၀၁၀ သန်း ရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အဆိုပါ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွင် ဟိုတယ် လုပ်ငန်း အပါအဝင်၊ လုပ်ငန်းစုံအား ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)