Connect with us

Local

အစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ အတွက် လစာနှုန်းထား ပြင်ဆင်သတ်မှတ်ချက် ယခုအကြိမ်တွင် အမြင့်ဆုံးဖြစ်

လွှတ်တော် ကိုယ်စားလှယ်များ ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေး တက်ရောက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မတ်လ (၂၆) ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

မတ်လ (၂၅) ရက်တွင် ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားမှာ ယခုအကြိမ်သည် အစိုးရသစ်လက်ထက်တွင် အများဆုံးပမာဏ ဖြစ်ကြောင်း သိရသည်။

တိုးမြှင့်ပေးသည့် နှုန်းထားများမှာ အစိုးရဝန်ထမ်းများတွင် အနိမ့်ဆုံး ၇၅,၀၀၀ ရရှိသည့် သူမှာ ၁၂၀,၀၀၀ ရရှိပြီး အများဆုံး ၂၅၀,၀၀၀ ရရှိသူ မှာ ၅၀၀,၀၀၀ ရရှိမည် ဖြစ်သည်။ တပ်မတော် (ကြည်း၊ရေ၊လေ) ဝန်ထမ်းများမှာ အနိမ့်ဆုံး ၇၅,၀၀၀ ရရှိသူသည် ၁၂၀,၀၀၀ ရရှိပြီး အမြင့်ဆုံး ၁,၂၀၀,၀၀၀ ရရှိသူသည် ၃,၀၀၀,၀၀၀ ရရှိမည် ဖြစ်သည်။

ယခုအကြိမ်သည် အစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများကို (၄) ကြိမ်မြောက် လစာတိုးမြှင့်ပေးခြင်းဖြစ်ပြီး ယခုအကြိမ်သည် အများဆုံးပမာဏ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် တွင် အပိုထောက်ပံ့ကြေး ၃၀,၀၀၀ ကျပ်စီ တိုးမြှင့် ပေးကာ နေ့စားလုပ်ခနှုန်း ၁,၀၀၀ ကျပ် တွင် အပို ထောက်ပံ့ကြေး ၁,၀၀၀ ကျပ် ထပ်ဆောင်းပေးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် လစာနှုန်းထားများကို ၂၀,၀၀၀ ကျပ်စီ တိုးမြှင့်ပေးခြင်းနှင့် နေ့စားလုပ်ခနှုန်းကို ၁,၀၀၀ ကျပ် မှ ၁,၇၀၀ ကျပ်သို့ တိုးမြှင့်ပေးခဲ့သည်။

၂၀၁၄ ခုနှစ်တွင် လစာနှုန်းများကို ၂၀,၀၀၀ ကျပ်စီ တိုးမြှင့်ပေးခြင်းနှင့် နေ့စားလုပ်ခနှုန်း ကို ၁,၇၀၀ မှ ၂,၀၀၀ ကျပ်သို့ တိုးမြှင့်ပေး ခဲ့သည်။

ယခုပြင်ဆင်သည့် လစာနှုန်းထားနှင့် ခံစားခွင့်များကို ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ခံစားခွင့် ရှိစေမည်ဟု မတ်လ (၂၅) ရက်နေ့ ရက်စွဲဖြင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ထုတ်ပြန် ကြေငြာ ခဲ့သည်။

ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့် လိုက်သည့် အတွက် အခြေခံလစာနှင့် ပတ်သက်ပြီး ဆန္ဒပြ မှုများ ဖြစ်ပွားနေသည့် အထည်ချုပ် လုပ်သားများနှင့် ကုန်ဈေးနှုန်းတွင် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်သည်ဟု စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

၂၀၁၃ ခုနှစ်တုန်းကလို အလားတူ ဝန်ထမ်းလစာ ကျပ်နှစ်သောင်း တိုးပေးခဲ့ပြီး အခြေခံစားကုန် ဈေးနှုန်းတွေ အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့တာကြောင့် ယခုကုန်ဈေးနှုန်း တက်မည်ကို စိုးရိမ်ကြောင်း ၎င်းကပြောသည်။

ယခုတိုးမြှင့်သည့် လစာနှုန်းထားသည် အခြေခံဝန်ထမ်း များထက် လစာများသည့် အဆင့်မြင့် အရာရှိကြီးများက တိုးသည့်အဆ ပိုများသည်ဟု မှတ်ချက်ပေးကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.