Connect with us

Local

တရုတ်နိုင်ငံက ကမကထ ပြုထားသော ပိုးလမ်းမကြီး စီမံကိန်းကို မြန်မာ အာဏာရပါတီမှ ထောက်ခံ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦးမှ ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် အင်တာဗျူး လက်ခံ ဖြေကြားနေစဉ် (Xinhua)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းသည် အလွန်ကောင်းသည့် စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း စိတ်ဝင်စားမှုရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးမှု ပါတီ (USDP) မှ ဒုတိယ ဥက္ကဌ ဦးဌေးဦးက ဆင်ဟွာသို့ အင်္ဂါနေ့က ပြောကြားသည်။

နေပြည်တော်ရှိ USDP ရုံးချုပ်၌ ဆင်ဟွာသတင်းဌာနှင့် သီးသန့် အင်တာဗျူး ပြုလုပ်စဉ် ဒုဥက္ကဌ ဦးဌေးဦးက ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းသည် နိုင်ငံများကို ဖြတ်သန်း သွားသည့်အတွက် အပြန်အလှန် အကျိုးရှိသည့် ကုန်သွယ်မှုများ မြင့်တက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်ရေးများလည်း ရရှိလာနိုင်ကြောင်း၊ ဆိုသည်။

ယင်း ပိုးလမ်းမ စီမံကိန်းသည် မြန်မာနှင့် တရုတ် နိုင်ငံအပြင် ဒေသတွင်း နိုင်ငံများအတွက် အလွန်ကောင်းမွန်သည့် အကျိုးဖြစ်ထွန်း နိုင်ကြောင်း ၎င်းကပြောသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိဆက်နေသော အိမ်နီးချင်း နိုင်ငံဖြစ်သည့်အပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးချက်ကို အတူတကွ ဆောင်ရွက်ခဲ့ကြပြီး လက်ခံကျင့်သုံးနေသည့် နိုင်ငံများဖြစ်ကြောင်း၊ မူကြီး ငါးချက်ပေါ်အခြေခံပြီး လက်ရှိ ဆက်ဆံရေးသည် ကောင်းမွန်ကြောင်း ဦးဌေးဦးက ဆိုသည်။

၂၀၁၅ ခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၆၅) နှစ်မြောက် နှစ်ဖြစ်ပြီး ဦးဌေးဦးက အနာဂတ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117